အမေရိကန်ကုန်သည်ကြီးများအသင်းကို ပြောကြားတဲ့ သမ္မတအိုဘားမားရဲ့ မိန့်ခွန်းမှာ စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာအောင် အစိုးရဘက်ကလည်း ကူညီမယ်လို့ ကတိပေးသွားပါတယ်။ သမ္မတနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းကြီးတွေကြား ဆက်ဆံရေး အလှည့်အပြောင်းတခုဆိုပြီး အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးထားပါတယ်။