သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေ ဒီမိုကရေစီမျှော်မှန်းချက် အမေရိကန်ထောက်ခံ


မြန်မာပြည်သူတွေ ဒီမိုကရေစီမျှော်မှန်းချက် အမေရိကန်ထောက်ခံ

အခုကျရောက်တဲ့ ၆၄ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အမေရိကန်ပြည်ထောင်စု ကလည်း ကြေညာချက်တရပ် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည့်အဝထောက်ခံ အားပေးပါတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ အခြေခံကျကျ ဆက်ဆံသွားရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်မှာဖြစ်သလိုပဲ မြန်မာပြည်သူတွေ တောင့်တလိုလားနေတဲ့ ဒီမိုကရေစီရေး အတွက် ပြုပြင်ပြောင်းလဲမှုတွေ၊ တိုးတက်မှုတွေကို အားပေးထောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နျူလန်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နောက် တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်တာတွေကို ရပ်စဲဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားလူနည်းစုတွေနဲ့ဆွေးနွေးဖို့ ကိစ္စရပ်တွေကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရကို ဆက်ပြီးတော့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလာမယ့် ဧပြီလ ၁ ရက်နေ့၊ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရဖို့နဲ့ နိုင်ငံတကာ စံနှုန်းစံထားအရ အခွင့်အရေးတွေ မြန်မာပြည်သူတွေ ခံစားခွင့်ရဖို့ ဥပဒေပြဌာန်းချက်တွေ ဆောင်ရွက်နိုင်ခွင့်ရဖို့ကိုလည်း တိုက်တွန်းသွားမယ်ဆိုပြီးတော့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG