သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေကို ပစ်မိန့်မပေးဟု ဆီးရီးယားသမ္မတငြင်းဆို


အရပ်သားတွေကို ပစ်မိန့်မပေးဟု ဆီးရီးယားသမ္မတငြင်းဆို
အရပ်သားတွေကို ပစ်မိန့်မပေးဟု ဆီးရီးယားသမ္မတငြင်းဆို

ဆီးရီးယားနိုင်ငံက အရပ်သူအရပ်သားတွေကိုပစ်ခတ်ဖို့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို ဘာအမိန့်မှ မပေးထားဘူးလို့ ဆီးရီးယားသမ္မတ ဘတ်ရှား အလ် အာဆာ့ဒ်က ပြောပါတယ်။

ဆယ်လကြာအောင်ဖြစ်လာနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ လုပ်ကြံမှုပဲလို့လည်း ဆီးရီးယားသမ္မတက ပြောပါတယ်။ ၁ နာရီနဲ့ မိနစ် ၄၀ ကြာတဲ့ မိန့်ခွန်းကိုသမ္မတ အာဆာ့ဒ်က ဆီးရီးယားမြို့တော် ဒမတ်စကတ်ဒ်မှာ ဒီကနေ့ပြောခဲ့တာပါ။

နိုင်ငံမှာ လုံခြုံရေးပြန်ရှိလာဖို့က ဦးစားပေးကိစ္စတခုပဲလို့ သူကဆိုပါတယ်။ အကြမ်းဘက်သမားတွေကို အပီအပြင်နှိမ်နင်းနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း ဂုဏ်ယူတယ်လို့ သမ္မတအာဆာ့ဒ်ကပြောပါတယ်။ တိုင်းပြည်ကို ၁၁ နှစ်ကြာ အုပ်စိုးလာခဲ့တဲ့ သမ္မတအာဆာ့ဒ်ကို မကျေနပ်လို့ တော်လှန်ပုန်ကန်မှုတွေဖြစ်လာခဲ့တာဟာ လက်နက်ကိုင်အကြမ်းဘက်သမားတွေကြောင့်လို့ ဆီးရီးယားအစိုးရက စွပ်စွဲပါတယ်။ ပြည်သူတွေရဲ့သဘောဆန္ဒအရပဲ သမ္မတရာထူးကို သူစွန့်လွှတ်ပေးနိုင်မယ်လို့လည်း သမ္မတအာဆာ့ဒ်ကပြောပါတယ်။

လာမယ့်မတ်လမှာအခြေခံဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲတွေ ကျင်းပမှာဖြစ်ပြီး လွှတ်တော်ရွေးကောက်ပွဲကိုလည်း ဆက်ပြီးလုပ်သွားမယ်၊ ဆီးရီးယားပြည်သူတွေ မဲပေးခွင့်ရှိစေရမယ် လို့လည်း သူက ကတိပေးပါတယ်။ ဆီးရီးယားအကျပ်အတည်းနဲ့ပတ်သက်ပြီး အာရပ်နိုင်ငံတွေက အဖြေရှာဖို့ လုပ်ကြတဲ့ကိစ္စမှာ တိုင်းပြည်ရဲ့အချုပ်အခြာပိုင်ဆိုင်မှုကို တလေးတစားနဲ့လုပ်လာခဲ့မယ်ဆိုရင် သူ့ဘက်က ငြင်းဆန်မှာမဟုတ်ဘူးလို့လည်း ဆီးရီးယားသမ္မတ အာဆာ့ဒ်ကပြောပါတယ်။

XS
SM
MD
LG