သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတကိုယ်စားလှယ်လောင်း ပဏာမရွေးချယ်ပွဲ New Hampshire မှာ စတင်

Quseyrdə dağılmış evlər.<br />
<br />
Quseyrdə dağılmış evlər.<br /> <br />

၂၀၁၂ ခုနှစ်အတွက်အမေရိကန်သမ္မတလောင်းရွေးချယ်ပွဲအတွက် ပထမဆုံးပဏာမရွေးချယ်ပွဲတွေကို အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့ကစပြီးကျင်းပနေပါပြီ။

ကနေဒါနယ်စပ်နားက Dixville Notch မြို့လေးက မြို့သူမြို့သားတွေဟာ ဒေသစံတော်ချိန် ညသန်းခေါင်ကျော်မှာ Republican ပါတီပဏာမရွေးချယ်ပွဲအတွက် စပြီးမဲပေးခဲ့ကြပါတယ်။ ဒီရွေးချယ်ပွဲမှာ Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney နဲ့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Jon Huntsman တို့က ၉ မဲ ၂ မဲစီ အနိုင်နဲ့ ရှေ့ကဦးဆောင်နေပါတယ်။

ကျန်တဲ့ပြည်နယ်တွေကမဲဆန္ဒရှင်တွေကလည်း ဒီလနှောင်းပိုင်းမှာ ဆက်ပြီး ဆန္ဒမဲတွေပေးကြပါမယ်။ အင်္ဂါနေ့ ပဏာမရွေးပွဲမတိုင်ခင် ပြည်သူ့သဘောထားစစ်တမ်းကတော့ Mr. Romney က ရှေ့ကအများကြီး ပြေးလိမ့်မယ်လို့ ထင်ထားပေမယ့် သူ့ပြိုင်ဘက်တွေကလည်း နောက်ဆုံးမိနစ်အထိ ရေကုန်ရေခန်း ယှဉ်ပြိုင်နေကြပါတယ်။

Mr. Romney နဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးလုပ်ငန်း လုပ်ခဲ့စဉ်တုန်းက အမြတ်အစွန်း အများကြီးရဖို့အတွက် သူဝယ်ယူခဲ့တဲ့ကုမ္ပဏီတွေက ဝန်ထမ်းရာပေါင်းများစွာကို အလုပ်ဖြုတ်ခဲ့တဲ့အချက်ကို အဓိကထားပြီး ဝေဖန်မှုတွေ အများအပြားပေါ်ပေါက်နေပါတယ်။

This item is part of
XS
SM
MD
LG