သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ

Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ
Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ

အမေရိကန်ပြန်ထောင်စုအရှေ့မြောက်ပိုင်း နယူးဟမ့်ရှိုင်းယားပြည်နယ်မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းပဏာမရွေးချယ်ပွဲမှာ မက်ဆာချူးဆက်စ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က အနိုင်ရသွား ပါ တယ်။

အခုလိုအနိုင်ရလိုက်တာဟာ ဒီနှစ် နိုဝင်ဘာလကျရင် ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘားရက် အိုဘားမားနဲ့ယှဉ်ပြိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းတခု ရှေ့ကိုတက်လာတာပါပဲ။ မဲတွေအားလုံးနီးပါး ရေတွက်လိုက်တဲ့အခါမှာ Mitt Romney က တက္ကဆက်ပြည်နယ်ရဲ့ လွှတ်တော် အမတ်လည်းဖြစ်ပြီး စစ်ဆန့်ကျင်ရေးသမားလည်း ဖြစ်တဲ့ ရွမ်ပေါလ် (Ron Paul) ထက် ဆယ်ဂဏန်း အသာရထားပါတယ်။

တရုတ်ပြည်ဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း ဖြစ်တဲ့ Jon Huntsman ကတော့ တတိယနေရာပဲ ရပါတယ်။ သူတို့ရဲ့နောက်မှာတော့ အောက်လွှတ်တော်သဘာပတိဟောင်း နျုဂင်းဂရချ် (Newt Gingrich) နဲ့ အထက်လွှတ်တော်အမတ်ဟောင်း ရစ်ခ် ဆန်တိုရမ် (Rick Santorum) တို့ရှိပါတယ်။ အနိုင်ရလိုက်တဲ့ Mitt Romney က သမိုင်းတွင်အောင်လုပ်နိုင်ခဲ့ပြီလို့ သူ့ကို ထောက်ခံအားပေးသူတွေကို ပြောပါတယ်။

Mitt Romneyဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အိုင်အိုဝါ ပြည်နယ်နဲ့ နယူးဟမ်ရှိုင်းယား ပြည်နယ်တွေမှာ ကျင်းပခဲ့တဲ့ သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲနှစ်ခုလုံးမှာ အနိုင်ရခဲ့တဲ့ ပထမဆုံး ရီပတ်ဘလစ်ကန်တဦးပါပဲ။

Mitt Romneyက သမ္မတအိုဘားမားကို မအောင်မြင်တဲ့သမ္မတတဦးပဲလို့ ပြောလိုက်ပြီး သမ္မတအိုဘားမားရဲ့ မူဝါဒတွေကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။

This item is part of
XS
SM
MD
LG