သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီဇိမ်ခံသင်္ဘောနစ်မြုပ်မှု ကယ်ဆယ်ရေးလုပ်ငန်းဆက်လက်လုပ်ဆောင်နေဆဲ


A Palestinian fisherman casts his net at a beach in Gaza City. Israel permits Gaza fishermen to head out to sea from 3 miles to 6 miles, restoring a limit it cut in half two months ago in response to rocket fire from the Palestinian enclave.

အီတလီနိုင်ငံမြောက်ပိုင်းမှာပြီးခဲ့တဲ့သောကြာနေ့က တိမ်းမှောက်နစ်မြုပ်သွားခဲ့တဲ့ ဇိမ်ခံ သင်္ဘောကြီးထဲမှာ အသက်ရှင်ကျန် နေသူတွေရှိနေဦးမလားဆိုပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတုန်းပါ။

ကျွန်းတခုနားကကျောက်ဆောင်တွေကို တိုက်မိပြီး သင်္ဘောကတိမ်းမှောက်နစ်မြုပ်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့်လူ ၆ ဦးသေဆုံးပြီး ၂၉ ဦးပျောက်ဆုံးနေပါတယ်။ ပင်လယ်ရေကလည်း တက်လာတော့ သင်္ဘောထဲက လောင်စာဆီတွေ ယိုဖိတ်မှာကိုလည်း စိုးရိမ်လာရပါတယ်။

လောင်စာဆီတွေမယိုဖိတ်နိုင်အောင်ဖေါက်ခွဲတဲ့ဗုံးတွေကိုလည်း သင်္ဘောပျက်တဝိုက်မှာ ချထားပါတယ်။ သင်္ဘောထဲက လောင်စာဆီတွေကို ဖယ်ထုတ်ဖို့လုပ်ငန်းတွေက သတင်းပတ်တွေနဲ့ ချီပြီး ကြာလိမ့်မယ်လို့ ဒီလုပ်ငန်းကို ကျွမ်းကျင်တဲ့ ဒတ်ခ်ျ ကုမ္ပဏီတခုက ပြောပါတယ်။ သင်္ဘောထဲမှာ လောင်စာဆီတွေက ဂါလံ ၅၃၀,၀၀၀ လောက် ရှိနေတာပါ။

ကိုစတာ ကွန် ကိုးရီးယားသင်္ဘော အခုလို တိမ်းမှောက်ရတာဟာ သင်္ဘောမာလိန်မှူးရဲ့ မှားယွင်းမှု ကြောင့် သင်္ဘောပိုင်ရှင်နဲ့ သင်္ဘောလိုင်းကလူတွေက အပစ်တင်နေကြပါတယ်။ အခု အဲဒီသင်္ဘောရဲ့ မာလိမ်မှူးကို ဖမ်းဆီးထားပါတယ်။ ခရီးသည်တွေအားလုံးကို မကယ်တင်ရသေးခင်မှာ သင်္ဘောကို စွန့်ခွာထွက်ပြေးမှုအပါအဝင် အရေးယူမှုတွေကို ရင်ဆိုင်နေရပါတယ်။

တရားရုံးရှေ့နေတွေပြောကြတာကတော့ မာလိန်မှူးဟာသင်္ဘောကို ကျွန်းရဲ့ကမ်းခြေနား ကပ်လွန်းတဲ့ အထိ မောင်းနှင်ခဲ့တယ်လို့ ဆိုပါတယ်။ တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ ဇိမ်ခံသင်္ဘောကြီးမှာ ခရီးသည်ပေါင်း ၄,၀၀၀ ကျော် ပါပါတယ်။ တိမ်းမှောက် နစ်မြုပ်တဲ့အချိန်ဟာ သိပ်ပြီးတော့ တုန်လှုပ်ခြောက်ခြားဖို့ ကောင်းတဲ့အကြောင်း လွတ်မြောက်လာသူတွေက ရှင်းပြကြပါတယ်။

တချို့လူတွေက ရေခဲရေလိုအေးနေတဲ့ပင်လယ်ပြင်ထဲကို သင်္ဘောပေါ်ကနေခုန်ချပြီး ကမ်းခြေအထိရောက်အောင် ရေကူးပြေးခဲ့ကြရတဲ့အကြောင်း အဲဒီအချိန်မှာ ဘယ်အဖွဲ့အစည်းကမှ ကူညီကယ် တင်မှုတွေမရှိဘူးလို့လည်း ဆိုပါတယ်။

XS
SM
MD
LG