သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အငြင်းပွားမှု ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်နိုင်

Divers approach a Leopard Ray perched against the glass of an exhibit at the Marine Life Park at Resorts World, one of the city-state's newest tourist attractions, in Singapore.
Divers approach a Leopard Ray perched against the glass of an exhibit at the Marine Life Park at Resorts World, one of the city-state's newest tourist attractions, in Singapore.

ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံနဲ့ ပင်လယ်ပိုက်နက်အငြင်းပွားနေကြတဲ့ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေကို ဆက်လက်ပြီးတော့ ပံ့ပိုးသွားမှာဖြစ်တယ်လို့ ထိပ်တန်း အမေရိကန်အထက်လွှတ်တော်အမတ်တွေက ပြောဆိုလိုက်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)နဲ့ ဂျိုးဇက်လီဘာမင် (Joseph Lieberman )တို့ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ၃ ရက်ကြာခရီးရောက်ရှိနေစဉ် ဒီကနေ့မှာ အခုလို မှတ်ချက်ပြုလိုက်ကြတာပါ။ ဂျွန်မက်ကိန်းနဲ့ လီဘာမဲန်တို့အပါအဝင် အထက်လွှတ်တော် အမတ် ၄ ဦးဟာ ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံနဲ့ ဘယ်လို ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမှ မလိုလားကြောင်း ဂျွန်မက်ကိန်းက ပြောပေမယ့်လို့ အထူးသဖြင့် ဖိလစ်ပိုင်အနောက်ဘက် ပင်လယ်တွင်း တောင်တရုတ်ပင်လယ်တွင်းက မဟာမိတ်တွေနဲ့ဆက်ဆံရေးခိုင်မာကြောင်း အာမခံပေးဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံတွေရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အခြေခံမူကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အထက်လွှတ်တော်အမတ် ဂျိုး လီဘာမဲန်ကတော့ အငြင်းပွားနေတဲ့ရေကြောင်းလမ်းဟာ ဒေသတွင်းအတွက်သာမကဘဲ ကမ္ဘာ့စီးပွားရေးအတွက်ပါ အချက်အခြာကျတယ်လို့ ပြောဆိုလိုက်ပါတယ်ရှင်။

This item is part of
XS
SM
MD
LG