သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ-ပါကစ္စတန် သတင်းထောက်အသတ်ခံရ

ဗွီအိုအေ ပါကစ္စတန်ဒေသခံသတင်းထောက် အာတစ်ဖ်။
ဗွီအိုအေ ပါကစ္စတန်ဒေသခံသတင်းထောက် အာတစ်ဖ်။

ဗွီအိုအေသတင်းဌာနရဲ့ ပါကစ္စတန်ဒေသခံဝန်ထမ်းသေဆုံးရတာဟာ သူတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်၊ တာလီဘန်တွေက ပြောလိုက်ပါတယ်။ တာလီဘန်အဖွဲ့ရဲ့ပြောခွင့်ရသူ အက်ဆဲန်နူလာ၊ အက်ဆဲန် (Ehsanullah Ehsan) ကို ကိုးကားပြီးတော့ အေပီသတင်းဌာနကဖော်ပြရာမှာ ပါကစ္စတန်ပုဂ္ဂလိက Dunya ရုပ်မြင်သံကြားအတွက် အလုပ်လုပ်ခဲ့သူ မာခါရမ်၊ ခန်၊ အာတစ်ဖ် (Makarram Khan Aatif) ကို သူတို့လုပ်ကြံတာ ဖြစ်ကြောင်း၊ တာလီဘန်ကိုဆန့်ကျင်ပြီး သတင်းပို့တဲ့အလုပ်ကို ရပ်ဖို့ အကြိမ်ကြိမ်သတိပေးနေတာကို အာတစ်ဖ်က ဂရုမစိုက်လို့ဖြစ်ကြောင်း ပြောပါတယ်။

အာတစ်ဖ်ဟာ အင်္ဂါနေ့က ပါကစ္စတန်အနောက်မြောက်ဘက်က ခိုင်ဗာ ပက်သွန်ခွာ (Khyber Pakhtumkhwa) ပြည်နယ်က မြို့ငယ်တမြို့ဖြစ်တဲ့ ရှဘာဒါ (Shabgadar)မြို့ရဲ့ ဗလီမှာ ညနေခင်း ဝတ်ပြု ဆုတောင်းနေတန်း သေနတ်သမား ၂ ယောက်က သတ်ဖြတ်သွားတာလို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။ ဗွီအိုအေအသံလွှင့်ဌာနက ဒီ လုပ်ကြံသတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချပြီး ဒေသအာဏာပိုင်တွေက သတင်းသမားတွေကို အခုထက်ပိုပြီး အကာအကွယ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗွီအိုအေညွှန်ကြားရေးမှူး David Ensor က မစ္စတာ Aatif ဟာ အရေးပါတဲ့ ဒေသက ဘက်လိုက်မှုကင်းပြီး တိကျတဲ့သတင်းတွေကို နေ့စဉ်ပေးပို့နိုင်ဖို့ သူ့အသက်ကိုရင်းပြီး စွန့်စားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု အသံလွှင့်ဌာနတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ (BBG) ရဲ့ဥက္ကဋ္ဌ Walter Isaacson ကတော့ အသံလွှင့်ဌာန ဘုတ်အဖွဲ့အနေနဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝတဲ့ သတင်းသမားကို သတ်ဖြတ်မှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။

Isaacson ကပဲ Aatif ကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်တာဟာ သတင်းသမားတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ကြေကွဲဝမ်းနည်းဖွယ်ရာ သတိပေးချက် တခုလည်းဖြစ်တယ်လို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG