သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wikipedia ဝဘ်ဆိုက် ၂၄ နာရီပိတ်မည်


Wikipedia ဝဘ်ဆိုက် ၂၄ နာရီပိတ်မည်
Wikipedia ဝဘ်ဆိုက် ၂၄ နာရီပိတ်မည်

အမေရိကန်လွှတ်တော်မှာ စဉ်းစားနေကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ ကာကွယ်ရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ အင်တာနက်ဝက်ဆိုဘ်မှာ လူ အသုံးများလှတဲ့ ဝီကီပီးဒီးယား စာမျက်နှာက အင်္ဂလိပ်ဘာသာနဲ့တင်ပေးနေတာကို ဗုဒ္ဓဟူးနေ့ကစပြီး ၂၄ နာရီ ပိတ်ထားဖို့ စီစဉ်နေတယ်လို့ ဝီကီပီးဒီးယားအွန်လိုင်း၊ စွယ်စုံကျမ်းအဖွဲ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်အထက်လွှတ်တော်က IP ကာကွယ်ရေးဥပဒေနဲ့ အမေရိကန် အောက်လွှတ်တော်က SOPA လို့ခေါ်တဲ့ The Stop Online Piracy ကွန်ပြူတာ အွန်လိုင်း မူပိုင်ခွင့်ဆိုင်ရာ ကာကွယ်ရေးဥပဒေ ချမှတ်ဖို့စဉ်းစားနေတာကို ဝဘ်ဆိုက်စာမျက်နှာတွေဖြစ်တဲ့ ရက်ဒစ် (Reddit)၊ ဘွိုင်းဘွိုင်း (Boing Boing) ဘလော့နဲ့ တခြားစာမျက်နှာတွေက ကန့်ကွက်တဲ့အနေနဲ့ ပိတ်ပင်ထားကြဖို့ ကြိုးစားမှုကို ဝီကီပီးဒီးယားကပါ ပူးပေါင်းပါဝင်လိုက်တာဖြစ်ပါတယ်။

ဒီဥပဒေတွေဟာ အမေရိကန်ပြည်ထောင်စုအတွင်း ထုတ်လုပ်တဲ့ နည်းပညာဆိုင်ရာတွေကို ခိုးကူးပြီး ပြန်ရောင်းစားနေမှုတွေကို ကာကွယ်ဖို့ အတွက် ချမှတ်မှာဖြစ်ပါတယ်။ ခိုးကူးတဲ့နာမည်ဆိုးသတ်မှတ်တဲ့စာရင်းမှာ ပါဝင်တဲ့ ဝဘ်ဆိုက်တွေကို ဆိုင်းငံ့စောင့်ကြည့်ဖို့အတွက် အောက်လွှတ်တော်ကနေ အခု ဥပဒေ ပြဌာန်းမှုမှာ ပါဝင်ပါတယ်။

ဒီဥပဒေကို ခိုးကူးမှုခံနေရတဲ့ ရုပ်ရှင်နဲ့ သီချင်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကနေ ထောက်ခံကြပါတယ်။ ဉာဏဆိုင်ရာမူပိုင်ခွင့်နဲ့ လုပ်ငန်း ဆိုင်ရာတွေကို ကာကွယ်ဖို့အတွက် ဒီဥပဒေမျိုး လိုအပ်တယ်လို့လည်း ဆိုပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ ဂူဂဲလ် (Google) နဲ့ ရာဟူး (Yahoo)တို့ တွစ်တာ (Twitter) တို့လို အင်တာနက်ကုမ္ပဏီတွေကတော့ ဒီဥပဒေဟာ နည်းပညာထုတ်လုပ်တဲ့ကုမ္ပဏီတွေကို ထိခိုက်စေတဲ့အပြင် တကယ်လို့ ဒီဥပဒေအတည်ဖြစ်ခဲ့ရင်တော့ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ချိုးဖောက်တာတမျိုးလို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG