သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်ဂီလာနီ တရားခွင်မှာအမှုရင်ဆိုင်ပြီ

Prime Minister Gilani of Pakistan
Prime Minister Gilani of Pakistan

ပါကစ္စတန်နိုင်ငံမှာ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ ဝန်ကြီးချုပ် Yusuf Raza Gilani တရားရုံးချုပ်မှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။

သမ္မတ Asif Ali Zardari ကို အဂတိလိုက်စားမှုနဲ့ အမှုပြန်ဖွင့်အောင် Swiss အာဏာပိုင်တွေကို မပြောဖို့ဆုံးဖြတ်ခဲ့တာနဲ့ပတ်သတ်ပြီး ခုခံပြောဆိုဖို့ လုံခြုံရေးအစောင့်အကြပ်အများကြီးနဲ့ တရားရုံးကို ဒီကနေ့ ရောက်လာခဲ့ပါတယ်။ သမ္မတ Zardari ဟာ နိုင်ငံံ့အကြီးအကဲဖြစ်လို့ ကင်းလွတ်ခွင့်ရှိတယ်လို့ Mr. Gilani က ပြောပါတယ်။

တရားခွင်ကိုဖေဖေါ်ဝါရီလအစောပိုင်းမှာပြန်စတင်ဖို့ ရုံးချိန်းပေးလိုက်တာကြောင့် ဝန်ကြီးချုပ် Gilani ဟာ ရုံးတော်ကို လျှောက်လဲဖို့ (၂)ပါတ် ပြင်ဆင်ချိန်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တခါ တရားခွင်မှာ ဝန်ကြီးချုပ် Gilani ဟာ တရားရုံးကို သူကိုယ်တိုင် လာစရာမလိုတော့ပါဘူး။

တကယ်လို့သာ တရားစွဲခံထားရသလို တရားရုံးကို မထေမဲ့မြင်ပြုမှု ကျူးလွန်တယ်လို့ ဆုံးဖြတ်ချက်ချခံရရင် သူရာထူးကဖယ်ရှားခံရပြီး ထောင်ဒဏ်ချခံရမှာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အရပ်သားအစိုးရအဖွဲ့ဟာ ဖိအားပိုပေးခံနေရပြီး အာဏာပြင်းတဲ့ စစ်တပ်နဲ့ တင်းမာမှုမြင့်မားနေသလို သီးသန့်တရားရင်ဆိုင်မှုတွေနဲ့လည်းကြုံ နေရပါတယ်ရှင်။

This item is part of
XS
SM
MD
LG