သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ၈၈ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ


မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့ ၈၈ မျိူးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲံ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်၊

မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့ ၈၈ မျိူးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်၊ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကြာ တွင်း ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်သလို မြန်မာနိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစူကြည်နဲ့အတူ ပူးပေါင်းလက်တွဲ သွားမယ်လို့လည်း ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင်တွေကပြောပါတယ်၊ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊

နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈မျိူးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် အင်္ဂါနေ့ ညနေ ၆နာရီက ရန်ကုန်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ေ နအိမ်မှာ တွေဆုံခဲ့ကြတာပါ၊ မြန်မာနိုင်ငံမှာ ၁၉၈၈ လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ေ ကျာ်ကြာတွင်း ဒီခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်၊ ၈၈မျိူးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ ကို ပဏ္ဍိတ်ထွန်း ကိုအံဘွယ်ကျော်အပြင် ကိုပြုံချိူ ကိုအောင်သူတို့တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံပြီး ညစာအတူစားခဲ့ကြပါတယ်။

၈၈မျိးဆက်ကျောင်းသားတွေကတော့ မြန်မာ့နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ ဆောင်ရွက်ပြီး ပံ့ပိုးဖို့လည်း အသင့်ပဲလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ကိုမင်းကိုနိုင်။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှချန်ထားပြီး စဉ်းစားလို့ မရဘူးလေ၊ အဲဒီလိုအရေးကြီးဆုံး ပုဂ္ဂိုလ်တယောက်နဲ့ ကျနော်တို့ တောက်လျှောက်ထိတွေ့ပြီး ဆွေးနွေး နေရမှာပါ၊ မီဒီယာတွေမှာ အရင်ကတည်းက ကျနော်တို့ သဘောထားတွေပြောထားပြီးသားပါ၊ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘာမှကန့်ကွက်စရာ မရှိဘူးလို့ ပဲ ကျနော်တို့ သိရပါတယ်၊ ဒီကနေ့ ကျနော်တို့ ပြန်တွေ့ဆုံကြတဲ့ အနေအထားပေါ်မှာ အန်မတန်အားရစရာကောင်းတယ်၊ အားလုံးနားလည်မှုနဲ့ ရင်းနှီး ချစ်ကြည်မှုတွေ ပိုပြီးတော့ ရခဲ့တယ်၊ နှစ်ပေါင်းများစွာကွဲနေရတဲ့အတွက် အတိုးချပြီးတော့ ကျနော်တို့ အရင်ထက် ညီညွတ်ရေး ၊ မိသားစုအတွင်းမှာချစ်ကြည်ရေးက အစပေါ့ဗျာအားလုံးအဆင်ပြေချောမွေ့မယ်လို့ ဒီကနေ့ တွေ့ဆုံမှုအပေါ်မှာ ခန့်မှန်းလို့ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ မတွေ့ပဲနေခဲ့ရတာ အခုကျတော့ ပြန်ပြီးတွေ့တယ်ဆိုတာ တကယ်တော့ မိသားစုပြန်လည်ဆုံတွေတဲ့ ပွဲမျှပဲ ဖြစ်ပါတယ်၊ တယောက်နဲ့တယောက် ကျန်းမာရေးကအစကွဲကွာနေတဲ့ မိသားစုတွေ ပြန်နှုတ်ဆက်တဲ့ သဘောပါ၊ )

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ၊ နောက်ပိုင်းမှာလည်း ၈၈ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ထပ်မံတွေဆုံကာ မြန်မာ့ နိုင်ငံရေးအခြေအနေတွေဆွေးနွေးဖိုရှိတယ်လို့ ပြောပါတယ်၊ ဒီကနေ့ ညနေတွေဆုံမှုတွေထဲါ အကြိမ်ကြိမ်အဖမ်းခံရတဲ့ သူတွေတွေရဲ့ အတွေအကြံတွေကို ပြောဆိုဖြစ်ခဲ့ကြတယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

ကိုဂျင်မီ။ ပြောတာပေါ့၊ ပြောတာပေါ့၊ ကျနော်တို့ နောက်ကြောင်းအတွေအကြုံတွေ ဒါပဲ ရယ်စရာ မောစရာ အနေနဲ့ အတိတ်ကအကြောင်းတွေကို၊ အခုအချိန်မှာရီမောပြီး ပြောနိုင်ကြတဲ့ သဘောတွေပါ၊ အဓိက ကတော့ ကျနော်တို့ ကျော်လွားခဲ့ရတဲ့ ဒုက္ခတွေကို ရီစရာမောစရာအဖြစ် ပြန်ပြောနေကြတာပါ၊ အခု ပြန် ဆုံကြတယ်။ ကျနော်တို့ ဒါပျော်ရွင်ကြတဲ့ ပျော်ပျော်ရွင်ရွင်နဲ့ ဒါညစာစားကြတာပါ၊

၈၈မျိူးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီပါရှင်၊

ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်ပြီးခဲ့တဲ့ စနေ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်းး ၈၈မျိူးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေးပါတီထူထောင်မှာ မဟုတ်သေးသလို ကြားဖြတ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မှာကို သဘောတူလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဝန်းရံသွားမယ်လို့ ၈၈ခေါင်းဆောင်တွေ ြ့ပုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် သူတို့ သဘောထား တွေကို ထုတ်ဖော်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG