သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြမှု နှစ်ပတ်လည်ကျင်းပ


အီဂျစ်ဆန္ဒပြမှု နှစ်ပတ်လည်ကျင်းပ
အီဂျစ်ဆန္ဒပြမှု နှစ်ပတ်လည်ကျင်းပ

အီဂျစ်နိုင်ငံမှာ အာဏာကို ရေရှည်ချုပ်ကိုင်ပြီးအုပ်ချုပ်လာခဲ့တဲ့ သမ္မတဟို့စနီမူဘာရက်ကို လူထုအင်အားနဲ့ဖြုတ်ချနိုင်ခဲ့တာ တနှစ်ပြည့်တဲ့အထိမ်းအမှတ်အဖြစ် အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုက Tahrir ရင်ပြင်မှာ ထောင်နဲ့ချီတဲ့ အီဂျစ်ပြည်သူတွေ ဒီကနေ့ လာပြီးစုဝေးခဲ့ကြပါတယ်။

အီဂျစ်တော်လှန်ရေး တနှစ်ပြည့်မြောက်တာကို အထိမ်းအမှတ် အဖြစ် ဆင်နွှဲကြသလို သူတို့ရဲ့ တော်လှန်ရေးက မပြီးဆုံးသေးဘူးလို့လည်း ဒီကနေ့ စုဝေးခဲ့ကြသူတွေက ပြောပါတယ်။ သူတို့က အီဂျစ်မှာ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ဆင်းပေးပြီး အရပ်သားအစိုးရအတွက် နေရာပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

သူတို့စုဝေး တဲ့Tahrirရင်ပြင်ဟာ ဆန္ဒပြသူတွေအတွက် အဓိကစုရပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အခုလို အချိန်မှာ တူနီးရှားနိုင်ငံက ကူးစက်ပျံ့နှံ့လာတဲ့ လူထုဆန္ဒပြပွဲတွေကြောင့် အီဂျစ်နိုင်ငံမှာလည်း နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အီဂျစ် ပြည်သူတွေက Tahrirရင်ပြင်မှာ ထောင်နဲ့ သောင်းနဲ့စုဝေးပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၅ ရက်ကနေ စပြီး ၁၈ ရက်ကြာ လူထု ဆန္ဒပြပွဲတွေ ဆက်တိုက်ဆင်နွှဲခဲ့ကြပြီး အစိုးရလုံခြုံရေး တပ်ဖွဲ့တွေနဲ့လည်း လူသေဆုံးမှုရှိတဲ့အထိ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ သမ္မတ မူဘာရက်က အခုအုပ်ချုပ်နေတဲ့ စစ်ကောင်စီလက်ထဲ အာဏာလွှဲပေးခဲ့တဲ့အထိပါပဲ။

XS
SM
MD
LG