သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ ဥရောပ ပြင်ဆင်


ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ ဥရောပ ပြင်ဆင်
ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ ဥရောပ ပြင်ဆင်

အေဒင် ပင်လယ်ကွေ့ဒေသတွင်းနဲ့ ဆိုမားလီးယားပိုင် ရေနယ်နမိတ်အနီးတဝိုက်က ပင်လယ်ဓားပြတွေရဲ့ လှုပ်ရှားမှုတွေ ချေမှုန်းနေမှုကို ဥရောပ အင်အားကြီးနိုင်ငံတွေက အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရက ပင်လယ်ဓားပြ တိုက်ဖျက်ချေမှုန်းရေး ဌာနတခုကို ဆိုက်ချဲလ်မှာ ဆောက်လုပ်ပေးဖို့နဲ့ အုပ်ချုပ်ရေးမှူးတယောက် ထောက်ပံ့ ခန့်ထားပေးမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျှံဟိတ်က ပြောဆိုပါတယ်။

ဒေသတွင်း ပင်လယ်ဓားပြဆန့်ကျင်ရေး၊ တရားစွဲဆိုရေးနဲ့ ထောက်လှမ်းရေး ညှိနှိုင်းဆောင်ရွက်မှု ဌာနဟာ ပင်လယ်ဓားပြ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ငွေကြေးတွေ၊ ဘဏ်ငွေစာရင်းတွေ ကိုင်တွယ်သူတွေကို ပစ်မှတ်ထား လုပ်ဆောင်မှာဖြစ်တယ်လို့ မစ္စတာဟိတ်က ပြောပါတယ်။

အဲဒီဌာန တည်ဆောက်ဖို့အတွက် ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၉၀၀,၀၀၀ နီးပါး ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်သာလန်နဲ့ ဆိုက်ချဲလ်နိုင်ငံအစိုးရတွေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုတို့ကလည်း ဒီကိစ္စကို ပူးပေါင်းကူညီကြမယ်လို့ ပြောပါတယ်။

မနှစ်က ကမ္ဘာ့စီးပွားပွားရေးမှာ ဆိုမားလီးယား ပင်လယ်ဓားပြတွေကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇,၀၀၀ လောက် ထိခိုက်ခဲ့ရတယ်လို့ အမေရိကန်အခြေစိုက် One Earth Foundation အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG