သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးအထောက်အကူ လျှော့ချမှု မြန်မာအပေါ် ထိခိုက်နိုင်


ကျန်းမာရေးအထောက်အကူ လျှော့ချမှု မြန်မာအပေါ် ထိခိုက်နိုင်
ကျန်းမာရေးအထောက်အကူ လျှော့ချမှု မြန်မာအပေါ် ထိခိုက်နိုင်

မြန်မာနိုင်ငံမှာ HIV နဲ့ တီဘီအဆုတ်ရောဂါ ဝေဒနာရှင်တွေအတွက် ဆေးဝါးကုသပေးဖို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ MSF ခေါ် နယ်စည်းမထား၊ ဆရာဝန်များအဖွဲ့က ပြောဆိုလိုက် ပါတယ်။

HIV ဝေဒနာရှင် ၈၅,၀၀၀ ရဲ့ အသက်တွေ ကယ်ဆယ်နိုင်ရေးအတွက် ART ခေါ် ရောဂါ ထိန်းဆေး အရေးအကြီးလိုအပ်နေတဲ့အကြောင်း၊ ဆေးမတိုးတော့တဲ့ တီဘီအဆုတ်ရောဂါ ဝေဒနာသည်ပေါင်း ၉,၃၀၀ အတွက်အလည်း ဆေးဝါးတွေလိုအပ်နေတဲ့အကြောင်း၊ အခု လောလောဆယ် လူနာ ၃၀၀ လောက်သာ ကုသမှု ခံယူနေရတဲ့အကြောင်း MSF ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

ရောဂါကြီး သုံးမျိုးဖြစ်တဲ့ အိတ်ဒ်-စ်(AIDS)၊ အဆုတ်ရောဂါနဲ့ ငှက်ဖျားရောဂါတွေအတွက် Global Fund ရန်ပုံငွေအဖွဲ့က အထောက်အပံ့တွေ မရရှိတော့တာကြောင့် အခုလို အခက်အခဲတွေနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်ဟာလည်း လုံလောက်တဲ့ရန်ပုံငွေ ခွဲဝေချထားတာ မတွေ့ရဘူးလို့ MSF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မြန်မာပြည်က HIV နဲ့ ဆေးမတိုးတော့တဲ့ အဆုတ်ရောဂါ ဝေဒနာသည်တွေအတွက် အလှူရှင်တွေကနေ ကူညီပံ့ပိုးပေးဖို့ဟာ သိပ်ကို အရေးကြီးပါတယ်လို့ MSF ခေါ် ပြင်သစ်အခြေစိုက်၊ နယ်စည်းမထား ဆရာဝန်များအဖွဲ့က မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG