သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ အမျိုးသမီး ရဲစွမ်းသတ္တိဆုရှင်တွေထဲ မြန်မာအမျိုးသမီးတဦးပါဝင်


၂၀၁၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဇင်မာအောင်က ရရှိခဲ့ပါတယ်။

မဇင်မာအောင်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုတွေကြောင့် ၁၁ နှစ်ကြာ အကျဉ်းကျခံနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတယောက် ဖြစ်ပါတယ်။ သူဟာ ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့အပြင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးအရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု ရရှိသူတွေကို မတ်လ ၈ ရက်၊ ကြာသာပတေးနေ့မှာ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆုပေးရမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ဆုပေးပွဲအခမ်းအနားကို သမ္မတကတော် မီရှဲလ်အိုဘားမားနဲ့တကွ ၂၀၁၁ ခုနှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကို ပူးတွဲရရှိခဲ့တဲ့ အမျိုးသမီးဆုရှင်တွေပါ တက်ရောက်ဖို့ ရှိပါတယ်။

XS
SM
MD
LG