သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပြဿနာ စစ်ရေးနဲ့ မဖြေရှင်းဖို့ ကုလအထူးကိုယ်စားလှယ် သတိပေး

ဆီးရီးယားနိုင်ငံမှာ မငြိမ်မသက်ဖြစ်မှုတွေကို စစ်ရေးအရ ရှေ့တိုးဆောင်ရွက် အရေးယူမှုတွေ ရှိမယ်ဆိုရင် အခြေအနေတွေပို ဆိုးလာလိမ့်မယ်လို့ ကုလသမဂ္ဂအာရပ် အဖွဲ့ချုပ်ရဲ့ ဆီးရီးယား နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Kofi Annan က သတိပေး ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခတွေကို ပြင်ပကတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းဖြေရှင်းမယ်ဆိုရင် အဲဒီတွက်ဆချက်က မှားမှာဖြစ်ပြီး ဒေသထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်မှုတွေ ရှိလိမ့်မယ်လို့ ကြာသာပတေးနေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကို ရောက်လာတဲ့ Mr. Anan က ပြောပါတယ်။

အာရပ်အဖွဲ့ ချုပ် အတွင်းရေးမှူးချုပ် Nabil Elaraby နဲ့ တွေ့ဆုံအပြီးမှာ ကုလသမဂ အကြီးအကဲဟောင်း Mr. Anan က ခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ Syria သမ္မတ Bashar Al Assad ရဲ့ ၁၁ နှစ်ကြာ အာဏာချုပ်ကိုင်ထားတဲ့ အစိုးရကို ပြန်ပြီး တိုက်ခိုက် နေတဲ့ Syrai သူပုန်တွေရဲ့ တိုက်ပွဲတွေ အဆုံးသတ်သွားအောင် Syria သူပုန်တပ်တွေကို လက်နက် ထောက်ပံ့ပေးဖို့ Qartar နဲ့ Saudi Arabia နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် Syria နိုင်ငံတည်ငြိမ်မှုကို ထိခိုက်မှာစိုးတယ်ဆိုတဲ့ ပူပန်မှုတွေကို အကြောင်းပြပြီး အနောက်အင်အားကြီး နိုင်ငံတွေက Syria ကို အရေးဝင်ရောက်ဆောင်ရွက်ဖို့ကို တုံ့ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

Syria နိုင်ငံကို ဒေသတွင်း အင်အားကြီးနိုင်ငံမဟုတ်တဲ့ နိုင်ငံတွေကဝင်ပြီး အရေးယူဆောင်ရွက်မယ့် အရေးကို တူရကီက ဆန့်ကျင်တယ်လို့ သမ္မတ Abdullah Gul က ကြာသာပတေးနေ့က ပြောပါတယ်။ Tunisian မြို့တော် Tunis ကို အလည်အပတ်ခရီး လာရောက်စဉ်မှာ တူရကီသမ္မတက ခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG