သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန် ဆီးရီးယားသမ္မတနှင့် တွေ့မည်


ကုလသမဂ္ဂအကြီးအကဲဟောင်း Mr. Kofi Annan ဟာ အရှေ့အလယ်ပိုင်း နိုင်ငံ Syria က အကြမ်းဖက်သမားတွေကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ Syria သမ္မတ Bashar al Assad နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ လာမယ့် စနေနေ့ Damascus မှာ ခရီးတထောက်နားတဲ့ အခါ Mr. Anan ဟာ Syria ခေါင်းဆောင်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ Syria နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် Mr. Kofi Anana က သွားရောက်မှာ ဖြစ်ပါတယ်။ Syria မှာ လက်နက်ကိုင်သူပုန်တွေက အခြေအနေကို ပိုဆိုးစေလိမ့်မယ်လို့ သတိပေးရင်း နိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သူက တောင်းဆိုလိုက် ပါတယ်။

Syria နိုင်ငံဟာ လူသားချင်းစာနာမှု အထောက်အကူတွေကို အနှောင့်အယှက်ကင်းကင်း ခွင့်ပြုပေးဖို့ ငြင်းပယ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်း အရာရှိတစ်ဦးက ပြောလိုက်ပြီးတဲ့ နောက်မှာ ခုလို အဆင့်မြင့်ဆွေးနွေးပွဲ အတွက် ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။

အစိုးရရဲ့ နှိပ်ကွပ်မှု ခံနေရလို့ သားကောင်ဘဝရောက်နေတဲ့ ပြည်သူတွေကို ကုလသမဂ္ဂ အကူအညီ ပေးဖို့ ခွင့်ပြုရေးကိစ္စကို စဉ်းစားဖို့ အချိန်ပို ပေးဖို့အတွက် Syria အာဏာပိုင်တွေက တောင်းဆိုခဲ့ ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Valaerie Amos က သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာရတဲ့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူဖို့ အကန့်အသတ်ရှိတဲ့ အကဲဖြတ်လေ့ကျင့်မှုတွေလုပ်ဖို့ Syria အစိုးရက သဘောတူခဲ့တယ်လို့ Valaerie Amos ကပြောဆိုပါတယ်။

ဒုက္ခသည် ပေါင်း ၁၁,၀၀၀ လောက်ရှိတဲ့ တူရကီနဲ့ Syria နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လှည့်လည်ကြည့်ရှုပြီးတဲ့နောက် Ms. Amos က ခုလို ပြောဆိုတာဖြစ်ပါတယ်။

သမ္မတ Assad ကို လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ Syria ပြည်သူထောင်ပေါင်းများစွာကို အစိုးရတပ်တွေ နှိမ်နင်းတဲ့အတွက် ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ Syari အတိုက်အခံအဖွဲ့တွေက သောကြာနေ့က ပြောဆိုပါတယ်။ ဒီသေဆုံးမှုတွေဟာ Homs မြို့မှာ အများဆုံးဖြစ်ပွားပြီး အဲဒီမြို့ဟာ အစိုးရတပ်တွေရဲ့ အဓိကနှိပ်ကွပ်မှု အခံရဆုံးမြို့တော်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG