သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသား George Clooney ဆန္ဒပြ အဖမ်းခံရ

ဆူဒန်အရေး ဆန္ဒပြခဲ့တဲ့ အမေရိကန်အကယ်ဒမီဆုရှင် သရုပ်ဆောင် George Clooneyကို ဝါရှင်တန်မြို့တော်၊ ဆူဒန်သံရုံးအပြင်ဘက်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

သောကြာနေ့က မင်းသား Clooney ၊ ကွန်ကရက်အမတ်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ မာတင်လူသာကင်းရဲ့ သားအကြီးဆုံးပါ ပါဝင်တဲ့ ဆန္ဒပြလူပ်ရှားတဲ့ အုပ်စု သံရုံးနားက မြေပြင်မှာ ဆန္ဒပြမူကို ဆုတ်ခွာပေးဖို့ ရဲသုံးဦးက သတိပေးပြောဆိုမှုကို မနာခံတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကြီးမဖြစ်ခင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီမူတွေကို ဆူဒန် နိုင်ငံထဲကို စေလွှတ်ပေးဖို့ မင်းသား Clooneyက ပြောဆိုလိုက်တာပါ။ ဆူဒန်အစိုးရလုပ်နေတဲ့ လက်နက်မဲ့ အပြစ်ကင်းတဲ့ကိုယ့်ပြည်သူ ပြည်သား အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို သတ်ဖြတ်မှုတွေကို ရပ်ဖို့ သူတို့ကို ဘလက်ကာယပြုကျင့်နေတာတွေ၊ အငတ်ဘေး ကျရောက်အောင် ပြုလုပ်နေတာတွေကို ရပ်ပစ်ဖို့ သူက တောင်းဆိုလိုက်တာပါ။

နာရီအနည်းငယ်အကြာမှာတော့ Clooneyက ဒဏ်ကြေး ဒေါ်လာ ၁၀၀ ပေးဆောင်ပြီး ပြန်လည် လွတ်မြောက်လာပါတယ်။

This item is part of
XS
SM
MD
LG