သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ်သင်္ဘောနစ်မြုပ် လူ၂၀ထက်မနည်း ပျောက်ဆုံး


ပုသိမ်မြို့ နဲ့ အုတ်ရှစ်ကွင်းကျေးရွာကို ပြေးဆွဲနေတဲ့ အမြန်ယာဉ်သင်္ဘောဟာ ဒီနေ့ မွန်းလွဲ ၃နာရီအချိန်လောက်က ငပုတောမြို့အနီးမှာ နစ်မြုပ်ခဲ့ပြီး ခရီးသည် ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။ အခုလို နှစ်မြုပ်တာဟာ အမြန်သင်္ဘောက သတ်မှတ်တန်ချိန် ထက် ပိုလွန် တင်ဆောင်ထားတာကြောင့်နဲ့ လှိုင်းထန်တာကြောင့် ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ လောလောဆည်မှာတော့ ဆေးရုံကို သယ်ဆောင်လာသူတွေ ထဲက အသက်၃၀ကျော်အရွယ်အမျိုးသမီးတယောက်သေဆုံးခဲ့ပြီး ကြက်ခြေနီ၊ ကျန်းမာရေး ဌာနနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေ ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က အပြည့်အစုံ တင်ပြမှာဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်တဲ့နေရာဟာ ငပုတောမြို့နဲ့တဘက်ကမ်း ကန်ဆိပ်ရွာအနီးမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမြန်သင်္ဘောနစ်မြုပ်ခဲ့တဲ့ပုံကို ဒေသခံတယောက်က အခုလို ပြောပါတယ်။

“လူအယောက် ၇၀ လောက်ပါတယ်။ သဘောၤက ကုန်ရော လူရော များတယ်၊ သတ်မှတ်တန်ချိန်ထက် ကျော်နေတယ်။ မွှေ့တာပေါ့နော်။ လှိုင်းလည်း နည်းနည်းထန်နေတယ်ဆိုတော့ သင်္ဘောစောင်းပြီးတော့ တခါတည်း မြုပ်သွားတယ်။ လေတိုက်တော့ လှိုင်းလည်း နည်းနည်းရှိတာပေါ့။ မြစ်ဝကလည်း နည်းနည်း ကျယ်တာကိုး။”

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြက်ခြေနီ၊ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေး၊ မီးသတ်နဲ့
မြို့နယ် အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်တွေ အပါအဝင် ပြည်သူတွေ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ မီးသတ်ဌာနက တာဝန်ရှိသူတယောက်က နောက်ဆုံး ကယ်ဆယ် ရရှိတဲ့ သူ ၅၄ယောက် ရှိပြီး သင်္ဘောပေါ်ပါသူ အယောက် ၇၀လောက် ရှိတာမို့ ပျောက်ဆုံးသူ ၁၅ယောက် အယောက်၂၀လောက ်ရှိမယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

“အားလုံးပေါင်း ၅၄ယောက်ပြန်တွေ့ပါတယ်။ ၆နာရီခွဲပြီး ၅၄ယောက်ပါ။ အားလုံးက
အယောက် ၇၀ကျော်ဆိုတော့ ၁၅ယောက် အယောက်၂၀လောက်တော့ ခန့်မှန်းထားပါတယ်၊ လောလောဆည်တော့။”

နစ်မြုပ်သွားတဲ့ ပုသိမ်သူ ၁၁ သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေထဲမှာ ၁၀တန်း စာမေးပွဲ ဖြေဆိုပြီးပြန်လာတဲ့ ကျောင်းသူကျောင်းသား အများစုပါဝင်ပြီး
လောလောဆည် သေဆုံးသူ ၂ယောက်ရှိကြောင်း မီးသတ်နဲ့ ရဲစခန်းက အတည်ပြု ပါတယ်။ နစ်မြုပ်သွားတဲ့ သင်္ဘောကိုတော့ ပြန်ဖော်နိုင်တဲ့အခြေအနေ မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကလည်း ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းမှာ
စက်လှေ တိမ်းမှောက်ခဲ့တာကြောင့် ကျောင်းသူကျောင်းသားကလေးငယ်
၅ဦး သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG