သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်သမား လက်နက်ချဖို့ ပြင်သစ်ရဲ ညှိနှိုင်း

ပြင်သစ်နိုင်ငံ Toulouse မှာ ကလေး ၃ ယောက်နဲ့ ဂျူးတရားဟောဆရာတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိခံရသူက သူ့ကိုယ်သူ အဖမ်းခံဖို့ကိစ္စကို ပြင်သစ်ရဲက ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သူဟာ အယ်ဂျီးရီးယန်းနွယ်ဖွား၊ ပြင်သစ်လူမျိုး အသက် ၂၄ နှစ်အရွယ် Mohammed Merah ဖြစ်တယ်လို့ ရဲက အတည်ပြုပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ သူ့ကို အရှင်ဖမ်းယူဖို့ စီစဉ်ဆုံးဖြတ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီး Claude Gueant က ပြောပါတယ်။ အဲဒီလူဟာ al-Quida နဲ့ပတ်သက်ပြီး အာဖဂန်မှာ အဖမ်းခံရဖူးတယ်လို့ သူကိုယ်တိုင်က ပြောထားပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းကတော့ သူ့အိမ်ကို ရဲက ဝင်စီးမှုမှာတော့ အိမ်ထဲမှာ ပိတ်မိနေတဲ့ သူ့ဘက်က ပြန်လည် ပစ်ခတ်တာကြောင့် ရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာမှာ ပြင်သစ်က ဝင်ရောက်စွတ်ဖက်တဲ့ကိစ္စတွေနဲ့ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်း ကလေးငယ်တွေ သတ်ဖြတ်ခံရတဲ့ကိစ္စအပေါ်မှာ အဲဒီလူဟာ ဒေါတတကြီးဖြစ်ပြီး အဲဒီအတွက် လက်စားချေချင်လို့ဖြစ်တယ်လို့ ပြောတဲ့အကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

ပါလက်စတိုင်း ဝန်ကြီးချုပ် Salam Fayyad ကတော့ ဒီသတ်ဖြတ်မှုကို ပြစ်တင်ဝေဖန်ပြီး ပါလက်စတိုင်းတွေကို အသုံးချပြောဆိုပြီး ခုလို ရာဇဝတ်မှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ ပြောပါတယ်။ တူးလုစ်မှာ အသတ်ခံရတဲ့ ကလေးငယ် ၃ ဦးဟာ အသက် ၄ နှစ် ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးတွေ ဖြစ်ကြပါတယ်။ သေဆုံးသူ အလောင်းတွေကိုတော့ အစ္စရေးမှာပဲ မြှုပ်နှံဖို့ ပို့လိုက်ပါပြီ။ ဂျေရုဆလင်မြို့အပြင်က Givat Shaul သချုႋင်းမှာလုပ်တဲ့ ဈာပနကိုတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe အပါအဝင် ထောင်နဲ့ချီတဲ့ ဝမ်းနည်းပူဆွေးသူတွေ တက်ရောက်ခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG