သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်း ၅၀၀ ကျော်ဆုအတွက် အမေရိကန်တွေ ထီအလုအယက်ထိုး


ကမ္ဘာ့သမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ထီဖွင့်ပွဲကို အမေရိကန်နိုင်ငံရဲ့ သောကြာညပိုင်းမှာ လုပ်တော့မှာမို့ နိုင်ငံတဝှမ်းက လူပေါင်းများစွာဟာ ထီလက်မှတ်တွေ အပြိုင်အဆိုင်၊ အပြေးအလွှား ဝယ်ယူနေကြပါတယ်။

အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော်ရှိတဲ့ ထီလက်မှတ်ပေါင်း ၂ သန်းခွဲနီးပါးကို ကြာသာပတေးနေ့က ရောင်းအပြီးမှာ ဒီနေ့မှာလည်း နောက်ထပ် လူပေါင်းများစွာက သောကြာနေ့မနက်ကတည်းက တန်းစီပြီး ဝယ်ယူနေတာ ဖြစ်ပါတယ်။
အခုလို အမေရိကန်ပြည်နယ်ပေါင်း ၄၂ ခုမှာရောင်းချတဲ့ ထီလက်မှတ်တွေကို ကြိတ်ကြိတ်တိုး ဝယ်ယူနေကြသူ အများအပြားဟာ စိတ်လှုပ်ရှားနေကြပြီး သူတို့များ ထီပေါက်ခဲ့ရင် ဘာလုပ်ရင် ကောင်းမလဲလို့ အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။

တချို့ကလည်း ထီပေါက်ရင် မိသားစုအကုန်လုံးအတွက် ကားသစ်တွေ ဝယ်ပေးမယ်၊ အကြွေးတွေအကုန်လုံး ဆပ်ပြီး ထိုင်းနိုင်ငံမှာ အိမ်တွေဝယ်မယ်၊ သူငယ်ချင်းတွေအကုန်လုံးအတွက် နိုင်ငံခြားခရီးစဉ်ကြီးတွေ စီစဉ်ပေးမယ်လို့ စိတ်ကူးနဲ့မှန်းဆပြီး အားပါးတရ ပြောနေကြပါတယ်။

ဒါပေမဲ့ ဒီထီပေါက်နိုင်ဖို့ အခွင့်အလမ်းဆိုတာက လက်မှတ်ပေါင်း ၁၇၆ သန်းထဲမှာမှ လက်မှတ်တခုမှာပဲ ရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG