သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အစီအစဉ်သစ် ဆီးရီးယားနဲ့ကုလ သဘောတူ


ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ငြိမ်းချမ်းရေးသံတမန် ကိုဖီအာနန်တင်ပြခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဆီးရီးယားအစိုးရနဲ့ ကုလသမဂ္ဂတို့ကြား သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ဆီးရီးယားကိုစေလွှတ်မယ့် စုံစမ်းစစ်ဆေးရေးရှေ့ပြေးအဖွဲ့ရဲ့ အခန်းကဏ္ဍတွေ အပြင် ဆီးရီးယားအစိုးရနဲ့ အတိုက် အခံတွေအကြား တပတ် ကြာမြင့်ပြီဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး ကို စောင့်ကြည့်ဖို့တွေပါဝင်တယ်လို့ မစ္စတာအာနန်ရဲ့ပြောခွင့်ရကပြောပါတယ်။ ညှိနှိုင်းသူတွေဟာ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ပါ အလားတူ သဘောတူညီချက်တွေ ရလာဖို့ ဆွေးနွေးနေတယ် လို့လည်း သူက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ ကြေညာထားပေမယ့် အကြမ်းဘက်မှုတွေ ဆက်ရှိနေတာမို့ ဒီအကြမ်းဘက်မှုတွေကြား လှုပ်ရှား ဆောင်ရွက်ရမယ့် စောင့်ကြည့်ရေး အဖွဲ့ကို ပိုတိုးဖို့ ကုလသမဂ္ဂ မှာ ဆွေးနွေးနေကြပါတယ်။ စောင့်ကြည့်လေ့လာသူ အရေအတွက်ကိုသုံးဆယ် ကနေ ၃၀၀ ကြားမှာ ချထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒီလို အဖွဲ့ဝင်အများအပြားပါဝင်တဲ့တပ်ဖွဲ့ကို မစေလွှတ်ခင်မှာ ဆီးရီးယားနိုင်ငံတွင်းအခြေအနေကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီကနေ သေသေချာချာ စစ်ဆေးဖို့ လိုအပ်တယ်လို့ ဂျာမဏီ နိုင်ငံဆိုင်ရာ ကုလ သံအမတ်ကြီး ပီတာ ဝစ်တစ်ဂ်က ပြောပါတယ်။

ကြာသပတေးနေ့မှာပဲ အရှေ့ပိုင်းဒေသက မြို့တမြို့မှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ စစ်တပ်ကနေ အတိုက်အခံတွေဘက် ထွက်ပြေးခိုလှုံ လာသူတွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမို့ တဦးသေဆုံးပြီး အများအပြား ဒဏ်ရာတွေရခဲ့ကြတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG