သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အပစ်ရပ်ရေး ယိမ်းယိုင်


ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်မှာ အစိုးရရဲ့ ထောက်လှမ်းရေး အရာရှိတဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရသလို၊ နောက်ထပ် ဗုံးခွဲတိုက်ခိုက်မှု တခုကြောင့် လူ ၃ ယောက် ဒဏ်ရာရခဲ့တဲ့ အကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ ၁၃ လကြာ ပဋိပက္ခတွေ ကြီးထွားလာနေပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ခိုင်မာအောင် သံတမန်ရေးအရ ကြိုးပမ်းနေချိန်မှာပဲ တိုက်ခိုက်မှုအသစ်တွေ လည်း ပေါ်ပေါက်လာတာပါ။

ထောက်လှမ်းရေး အရာရှိဟာ မြို့တော်ရဲ့ Barzeh အရပ်မှာ ဒီကနေ့ အစောပိုင်းက ပစ်သတ်ခံခဲ့ရ တာဖြစ်တယ် လို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ် အဖွဲ့ က ပြောဆို လိုက်ပေမဲ့ အသေးစိတ်ကိုတော့ မသိရသလို၊ အစိုးရဘက်ကလည်း တစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။

သမ္မတ Bashar al-Assad ကို ဖယ်ရှားဖို့ ကြိုးပမ်း နေတဲ့ အတိုက်အခံ သူပုန်တွေကတော့ အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေနဲ့ လုံခြုံရေး အရာရှိ တွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် လာနေရာ မှာ တချို့ဟာ ဆိုရင်တော့ အလုပ်သွားရာ လမ်းတွေမှာ တိုက်ခိုက်သတ်ဖြတ်တာတွေလည်း ခံကြရပါတယ်။

ဒမတ်စကတ်မြို့တော် အလယ်ပိုင်း က Marjeh အရပ်မှာ နောက်ထပ် ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာတော့ စစ်တပ်က ထရပ်ကားတစင်း ပေါက်ကွဲခဲ့ပြီး အစိုးရလိုလားတဲ့ ရုပ်မြင်သံကြား သတင်းမှာတော့ လက်နက် ကိုင် အကြမ်းဖက်သမားတွေ လက်ချက်ကြောင့်လို့ ဖော်ပြခဲ့တာပါ။ အပစ်အခတ် ရပ်စဲရေး ပြိုကွဲလု နီးနီး ဖြစ်နေရတာ တွေကို ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ အကဲခတ်ဖို့အတွက် မြို့တော် ဆင်ခြေဖုံး အရပ်တခုဖြစ်တဲ့ Douma ကို သွားရောက် ချိန်မှာပဲ တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ အကဲခတ်တွေ တနင်္လာနေ့က သွားရောက် အကဲခတ်ပြီးတဲ့နောက် Hama မြို့မှာ အများစု ဖြစ်တဲ့ လူပေါင်း ၅၅ ယောက် သေဆုံးခဲ့ပြီး လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ လည်း ဖြစ်ပွား ခဲ့ကြောင်း လှုပ်ရှားသူတွေရဲ့ ဗွီဒီယို ရိုက်ကူးဖော်ပြချက်တွေမှာ တွေ့ရပါတယ်။

XS
SM
MD
LG