သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံရုံးခွဲဖွင့်မည်


ADB logo
ADB logo

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ လာမယ့်ဇွန်လအတွင်း ရုံးဖွင့်ဖို့ စီစဉ်နေပြီလို့ မနေ့က ကြာသပတေးနေ့ က ကြေညာလိုက် ပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည် အဆက်အသွယ်လုပ်ရာ မှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ အစိုးရက နိုင်ငံရဲ့ ကြွေးမြီတွေပြန်ဆပ်ဖို့နဲ့ တိကျမှန်ကန်တဲ့ စီးပွားရေး စာရင်းဇယားတွေ တင်ပြမှုပေါ်မှာ မူတည်နေတယ်လို့ ကမ္ဘာ့ ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ ဒုဥက္ကဋ္ဌ Pamela Cox ကပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေလိုပဲ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းတိုးတက် မှုတွေကို တဆင့်ချင်း တုံ့ပြန်သွား မှာဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံအတွက်လိုအပ်တဲ့ ဖွံ့ဖြိုးမှုအကူအညီတွေ အပြင် ရသုံးမှန်းခြေ ငွေစာရင်းနဲ့ စီးပွားရေး ရာတွေကို ကမ္ဘာ့ဘဏ်ကျွမ်းကျင်သူတွေက ဆန်းစစ်အကဲခတ် သွားမယ်လို့ Ms. Cox က ပြောပါတယ်။

ကမ္ဘာ့ဘဏ်လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ အပြည့်အဝပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ကို ပေးဆပ်ရန် ကျန်ရှိနေတဲ့ ဒေါ်လာ ၃၉၃ သန်းနဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်အပေါ် တင်ရှိနေ တဲ့ ဒေါ်လာသန်း ၅၀၀ ကိုအရင် ပြေလည်အောင် လုပ်ကြရဖို့ ရှိပါတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ လူထုအတွက် အကျိုးရှိတယ် ဆိုတာကို လက်တွေ့ပြသနိုင်အောင် ပြည်သူတရပ်လုံး ဝင်ငွေတိုးစေဖို့ ကမ္ဘာ့ဘဏ်က ကြိုးစားသွာမယ်လို့ Ms. Cox ကပြောပါတယ်။

Ms. Cox ဟာ လာမယ့်ဇွန်လအတွင်း မြန်မာပြည်ကိုသွားရောက်ဖို့စီစဉ်ထားကြောင်းနဲ့ ကမ္ဘာ့ဘဏ်က အခုလို မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ပြန်လုပ်တာဟာ ပိတ်ဆို့မှုရုပ်သိမ်းတာတွေနဲ့ မဆိုင်ဘဲ အခြေခံ အချက်အလက် စာရင်းဇယားတွေနဲ့သာ ဆက်စပ်မှုရှိတယ်လို့ပြောပါတယ်။

XS
SM
MD
LG