သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ လိုလားသူများနဲ့ လွှတ်တော်အမတ်သစ်များ အမေရိကန် ချီးကျူး


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၈ လကမှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ဒီကနေ့မှာတော့ သူမနဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တခြား အဖွဲ့ဝင် အများအပြား တို့ဟာ မြန်မာနိုင်ငံ လွှတ်တော်ထဲမှာ သူတို့ရဲ့ နေရာသစ်တွေကို ရယူလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီဝင်တွေ တိုင်းပြည်အုပ်ချုပ်ရာမှာ တခန်းတကဏ္ဍက ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

ကျွန်မ အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေ လွှတ်တော်ကို တက်ရောက်လာတဲ့ အမတ် အသစ်တွေ၊ သိန်းနဲ့ ချီတဲ့ မဲဆန္ဒရှင်တွေကို သူတို့ရဲ့ ရဲစွမ်း သတ္တိနဲ့ လူထုကိုယ်စားလှယ် အစိုးရ ပေါ်ထွန်းရေးအတွက် တာဝန်ယူ ထမ်းဆောင်ခဲ့ကြတဲ့ အတွက် ချီးကြူး ဂုဏ်ပြုလိုက်ပါတယ်။

ဒီအချိန်ဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ပိုမိုတိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာအောင် အထောက်အပံ့ ဖြစ်စေမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဦးတည်တဲ့ စစ်မှန်သော ပါတီစုံဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလလည်း ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီအားလုံး အရပ်သားအဖွဲ့အစည်း အားလုံးနဲ့၊ တိုင်းရင်းသားလူ မျိုးစုခေါင်းဆောင်တွေ အနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းပြီး ဒီမိုကရေစီပိုကျသော၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော တိုးတက်ဖွံ့ဖြိုးသော အနာဂါတ် ပေါ်ထွန်းရေးအတွက် အခွင့်ရေးသစ်တွေကို ဆုပ်ကိုင် အသုံးပြုကြဖို့ အားပေးနှိုးဆော် လိုက်ပါတယ်။

ဟီလာရီ ကလင်တန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး

၂၀၁၂ မေလ ၂ရက်

XS
SM
MD
LG