သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှိန်လျော့သည့်တိုင် အာဖဂန်ကို အမေရိကန် ကူညီသွားမည်

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Osama bin Laden သေဆုံးတဲ့ နှစ်ပတ်လည်အချိန်မှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား အာဖဂနစ္စတန်နိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပမယ့် နှစ်တနှစ်အဖြစ် အာဖဂန်စစ်ပွဲကို အရှိန်လျှော့ချနေပြီဆိုတဲ့အကြောင်း အမေရိကန် လူထုကို သတင်းစကားပါးတဲ့ အနေနဲ့လည်း အာဖဂန် အစိုးရနဲ့ မဟာဗျူဟာကျတဲ့ သဘောတူညီချက် တရပ်ကို လက်မှတ် ရေးထိုးလိုက်တာပါ။

အာဖဂန်နိုင်ငံက အမေရိကန် လေတပ် အခြေစိုက် စခန်းကနေ ပြောဆိုတဲ့ မိန့်ခွန်းကို ရုပ်မြင်သံကြား က ပြသရာမှာတော့ စစ်ရဲ့တိမ်တိုက် အမှောင်အောက်မှာ ဆယ်စုနှစ်တခုကျော်ကြာ ကျရောက်နေရာကနေ အခုအခါ မိုးကုတ်စက်ဝိုင်းမှာ နေ့သစ်တနေ့ရဲ့ အလင်းရောင် ပျိုးလာနေတာကို တွေ့လာရပြီလို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။ တကယ်တော့ အမေရိကန်နဲ့ အာဖဂန်ကရော စစ်ဖြစ်ချင်ကြတာ မဟုတ်တဲ့ အကြောင်း သမ္မတကပြောဆိုသွားသလို အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ကို ချေမှုန်းဖို့ ရည်မှန်းချက်ဟာ လည်း အောင်မြင်ဖို့ လက်တကမ်း ရောက်နေပြီလို့ ပြောခဲ့တာပါ။

အာဖဂန်မှာ ဗုဒ္ဓဟူးနေ့က ၇ နာရီကြာ ရောက်ရှိနေစဉ်မှာတော့ မဟာဗျူဟာမြောက် မိတ်ဖက် သဘော တူညီချက် တရပ်ကိုလည်း အာဖဂန် သမ္မတ Hamid Khazai နဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။ သဘော တူညီချက်မှာတော့ လုံခြုံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကိစ္စတွေအပြင် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တပ်တွေ တိုက်ခိုက်ရေးလုပ်ငန်းတွေ အဆုံးသတ်မယ့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ၂ နိုင်ငံကြား ဆက်ဆံရေး ကိစ္စရပ်တွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒီအထဲမှာ အမေရိကန်က တပ်တွေ ဆက်လက်ချထားဖို့ အတိအကျ ထည့်သွင်းမထားပေမဲ့ တပ်တွေ ဆုတ်ခွာပြီးနောက်မှာ အာဖဂန်ကို အမေရိကန်က အကူအညီအထောက်အပံ့တွေ ဆယ်နှစ်ကြာ ဆက်လက်ပေးအပ်ဖို့ ပါဝင်ပါတယ်။

This item is part of
XS
SM
MD
LG