သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မျက်မမြင် လူ့အခွင့်အရေးလှုပ်ရှားသူ နိုင်ငံမှထွက်ခွာလို


တရုတ်နိုင်ငံမှာ အကျယ်ချုပ်နဲ့အကျဉ်းချခံနေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဘေဂျင်းမြို့တော်က အမေရိကန်သံရုံးမှာ ခြောက် ရက်ကြာခိုလှုံပြီး အမေရိကန်သံရုံးကနေ ပြန်လည် ထွက်ခွာလာခဲ့တဲ့ မျက် မမြင်ရှေ့နေ ချင်ဂွမ်ချဲန်း (Chen Guangchen) က သူနဲ့သူ့မိသားစုရဲ့ လုံခြုံရေးအတွက် ကြောက်ရွံ့နေ ရတာကြောင့် သူ့အနေနဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာသွားချင်တယ်လို့ မနေ့က မေလ နှစ်ရက်နေ့က AP နဲ့ CNN သတင်းဌာနတွေကို ပြောခဲ့ပါတယ်။­­­

သူ့အနေနဲ့ ပညာရေးကိုရှေ့ဆက်ဖို့ ခွင့်ပြုချက်ရရှိရေးနဲ့ သူ့မိသားစုရဲ့ လုံခြုံရေးတို့အတွက် တရုတ် အစိုးရဆီကနေ အမေရိကန်က ကတိကဝတ် ရယူခဲ့ပြီးတဲ့နောက် မနေ့က အမေရိကန်သံရုံးကနေ သူပြန်ပြီး ထွက်ခွာလာခဲ့တာလို့လည်း ပြောပါတယ်။ သူ့မိသားစုနဲ့ ပြန်ဆုံပြီးတဲ့နောက် ဇနီးဖြစ်သူရဲ့ ပြောပြချက်အရ အာဏာပိုင်တွေရဲ့ခြိမ်းခြောက်မှုတွေကို သိရှိခဲ့ရတာကြောင့် သူနဲ့ သူ့မိသားစုဟာ မလုံခြုံဘူးလို့ ခံစား ရလာကြောင်းကိုလည်း ချင်ဂွမ်ချဲန်းက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mark Toner က မေလတစ်ရက်နေ့က ပြောတာမှာတော့ ချင်ဂွမ်ချဲန်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရဆီကနေ ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမှ သူတို့ မကြားသိခဲ့ရဘူး လို့ ပြောဆိုသွားခဲ့ပါတယ်။

တရုတ်အစိုးရကလည်း အမေရိကန်အနေနဲ့ ချင်ဂွမ်ချဲန်းနဲ့ပတ်သက်က်ပြီး အများသူငါ ထင်ယောင်ထင် မှားဖြစ်စေတဲ့ လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန် ကြာသာပတေးနေ့ မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ဘဏ္ဍာရေးဝန်ကြီး တင်မသီဂိုက်တ်နာတို့ ကိုယ်တိုင် ဘေဂျင်းမြို့တော်က တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနဲ့ လုံခြုံရေးရာ အစည်းအဝေးပွဲတွေ ကို တက်ရောက်ဖို့ ရှိနေပါတယ်။

XS
SM
MD
LG