သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကုမ္ပဏီတချို့အပေါ် ကုလဒဏ်ခတ်


မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီယားအစီအစဉ်မှာ ပတ်သက်မှုရှိနေတဲ့ မြောက်ကိုရီးယား ကုမ္ပဏီသုံးခုကို ကုလသမဂ္ဂက အပြစ်ဒဏ် ခတ်လိုက်ပါတယ်။

လုံခြုံရေးကောင်စီက ပြုလုပ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုမှာ မြောက်ကိုရီးယား ကုမ္ပဏီသုံးခုရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာ ပါဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇဲန်ရိုက်စ်က ပြောပါတယ်။

မြောက်ကိုရီးယားက တင်သွင်ခွင့်မရှိတဲ့ ပစ္စည်းအမျိုးအစားကိုလည်း ထပ်ပြီးတော့ တိုးလိုက်တယ် လို့ သံအမတ်ကြီး ဆူဇဲန်ရိုက်စ်က ဆိုပါတယ်။ အခု ပြုလုပ်လိုက်တဲ့ အရေးယူပိတ်ဆို့ မှုတွေကြောင့် မြောက် ကိုရီးယားဟာ ပိုပြီးတော့ အထီးကျန်ဖြစ်သွားစေမယ်၊ အများက ကန့်ကွက်နေတဲ့ နျူကလီယား အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် မြောက်ကိုရီးယား အစိုးရအတွက် ပိုပြီးတော့ ခက်ခဲ သွားစေမှာဖြစ်လို့ ဒီအရေးယူပိတ်ဆို့မှုဟာ ခိုင်မာပြီးတော့ အားထားစရာလို့ လုံခြုံရေးကောင်စီက မြင်တဲ့ အကြောင်း မစ္စစ်ရိုက်စ်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးနေတဲ့ကြားက အရင်လကပဲ တာဝေးပစ် ဒုံးကျည်တစင်းကို စမ်းသပ်ပြီးတော့ ပစ်လွှတ်ခဲ့တာမှာ ဒုံးကျည်က ပစ်ခတ်ပြီးတော့ တမိနစ်မှာပဲ ပင်လယ်ဝါထဲကို ပျက်ကျသွားခဲ့ပါတယ်။

XS
SM
MD
LG