မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ အခုလုပ်ဆောင်နေတဲ့ ဦးတည်ချက်ကို ပြောင်းလဲခြင်း၊ မြောက် ကိုရီးယား ပြည်သူလူထုအတွက် ဦးစားပေးခြင်းတွေကို လုပ်ဆောင်မှသာလျှင် အမေရိကန် ပြည်ထောင်စု က မြောက်ကိုးရီးယားနဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံလိုတယ် လို့ ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hilary Clinton) က မေလလေးရက်နေ့က ပြောဆို လိုက်ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားပြည်သူလူထုကို ၀၀လင်လင်ကျွေးမွေးဖို့နဲ့ ပညာရေးမြှင့် တင်ပေးဖို့တွေကို အလေးပေးလုပ်ဆောင်လာရင် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားကို ကြိုဆိုမှာဖြစ်သလို မြောက်ကိုးရီးယားနဲ့ အတူလက်တွဲ အလုပ်လုပ်မှာ ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။
နိုင်ငံတကာအလယ်မှာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကိုလည်း ဝန်ကြီးကလင်တန်က ချီးကျုးလိုက်ပြီးတော့ မြောက်ကို ရီးယားရဲ့ ရန်လိုရန်စချင်တဲ့ မူဝါဒတွေ စွန့်လွှတ် လာစေရေးအတွက် တရုတ်နဲ့အမေရိကန် အင်အားကြီးနှစ်နိုင်ငံ အတူပူးတွဲပြီး လုပ်ဆောင်သွားကြဖို့ကိုလည်း ဝန်ကြီးကလင်တန်က ကတိပြုပြောကြားခဲ့ပါတယ်။