သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလွှတ်တော် Dmitry Medvedev ကို ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြု

ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ရဲ့ အောက်လွှတ်တော်က သမ္မတဟောင်း Dmitry Medvedev ကို ဝန်ကြီးချုပ် အဖြစ် သမ္မတ ဗလာတီမီယာ ပူတင်က အဆိုတင်သွင်းလိုက်တာကို မေလရှစ်ရက်က အတည်ပြုခဲ့ပါတယ်။

ဥပဒေပြုလွှွတ်တော်အမတ်တွေရဲ့ကြား သမ္မတရဲ့အဆိုကို မဲခွဲဆုံးဖြတ်ကြရာမှာ ထောက်ခံမဲ ၂၉၉ မဲ၊ ကန့်ကွက်မဲ ၁၄၄ မဲနဲ့ မစ္စတာ မက်ဗီယဲဒက်ဗ်ကို နောက်ထပ်လေးနှစ်ကြာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ကြတာပါ။

အခုလို သမ္မတနဲ့ဝန်ကြီးချုပ် ရာထူးချင်းအလဲအလှယ်လုပ်ခဲ့ကြတာကို ရုရှားလူထုများစွာက ဒေါသထွက်ခဲ့ ကြပြီးတော့ မနေ့က ဒူးမားလွှတ်တော် အစည်းအဝေးမစခင်မှာ သမ္မတ နန်းတော် ကရင်မလင်အနီး ပန်းခြံ တခုမှာ သမ္မတကိုဆန့်ကျင်တဲ့အနေနဲ့ တညလုံးထိုင်ပြီး ဆန္ဒပြကြသူတွေကို ရဲတွေက ဖြိုခွဲခဲ့ကြပါတယ်။ ရဲတွေရဲ့ ဒီလုပ်ရပ်ကို မိမိအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူ Mark Toner က ပြောခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ရုရှားအနေနဲ့ ရုရှားလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖြည့်ဆီးပေးဖို့ သူလိုလားတယ်လို့ ပြေကြားလိုက်ပါတယ်။

This item is part of
XS
SM
MD
LG