သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူချင်းထိမ်းမြားမှု Obama ထောက်ခံ


အမေရိကန်ပြည်ထောင်စုမှာ လိင်တူချင်း လက်ထပ်ပေါင်းသင်းချင်တဲ့ စုံတွဲတွေကို လက်ထပ်ခွင့်ပြုသင့်တယ် လို့ သူ ယူဆတဲ့အကြောင်း အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ဒါကြောင့်မို့လို နိုဝင်ဘာမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာတော့ ဒီကိစ္စဟာ အမြင် အယူအဆ ကွဲပြားနိုင်တဲ့ အနေအထား ဖြစ်သွားစေပါတယ်။ သူက ABC ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဒီလိုမျိုး ပြောသွားတာဖြစ်ပါတယ်။ အရင်တုန်းကတော့ လိင်သူချစ်သူတွေ လက်ထပ်တာကို မဖြစ်နိုင်သေးဘူး၊ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေးအခေါ်တွေဟာ ပြောင်းလဲလာနေတယ်ဆိုပြီး သမ္မတအိုဘားမား က ပြောခဲ့ဖူးပါတယ်။

အခုတော့ မစ္စတာအိုဘားမားက ဒါဟာ သူ့ရဲ့ကိုယ်ပိုင် ထင်မြင်ယူဆချက်ဖြစ်တဲ့အကြောင်း၊ သူဟာ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နှစ်ပေါင်းများစွာ ဒီကိစ္စကို ဆွေးနွေး ပြောဆိုလာပြီးတော့မှ အခုလို အယူအဆဖြစ်လာတာ ဖြစ်တဲ့အကြောင်း ABC ရုပ်/သံဌာနကို ပြောသွားပါတယ်။

အခုလို မစ္စတာအိုဘားမားရဲ့အယူအဆကို အမျိုးသား၊ အမျိုးသမီး လိင်တူချင်း စိတ်ဝင်စားတဲ့အဖွဲ့ကြီးက ကြိုဆိုလိုက်ပါတယ်။ ဒီလိုမျိုးထောက်ခံချက်ပေးတဲ့ ပထမဦးဆုံးသမ္မတအဖြစ်နဲ့ သမိုင်းဝင်သွားပါပြီလို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG