သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ

မြန်မာဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာရှိတဲ့ ဥရောပ ပါလီမန်ကို မနေ့က ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် သွားရောက်လေ့လာခဲ့ကြပါ တယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ယာက်နဲ့ အတူ မြန်မာအစိုးရတာဝန်ရှိသူတွေက EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton တို့ကို Belgium နိုင်ငံ Brussels မြို့ရှိ ဥရောပပါလီမန် မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလောပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဥရောပ သမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား အခုလို ဆွေးနွေးပြောဆိုကြတာဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz ကပြောပါတယ်။ ဒီမိုကရေစီရေး လမ်းပွင့်အောင် အပြောင်းအလဲဖော်ဆောင်နေတာဟာ EU ဥရောပ သမဂ္ဂအတွက် အပြုသဘောဆောင်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်လို့ Mr. Schulz ကပြောပါတယ်။

ဥရောပပါလီမန်အနေနဲ့ နေပြည်တော်မှာ ဋ္ဌာနဆိုင်ရာ လိုအပ်ချက်တွေကို ပူးတွဲပံ့ပိုးပေးဖို့ အဆင်သင့်ရှိ ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ် က ဥရောပပါလီမန်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့ လွတ်လပ်စွာတွေးခေါ်မှု ဆိုင်ရာ ဆာခါရော့ဗ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုယ်တိုင်လက်ခံနိုင်ဖို့အတွက် ဖိတ်ကြားချက်ကိုလည်း Mr. Schulz က ထပ်လောင်း ပြောဆို လိုက်ပါတယ်။

EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးနီးပါးကို ပြီးခဲ့တဲ့လက တနှစ်ဆိုင်းငံ့ပေးလိုက်ပြီး ဒီနေ့ သောကြာနေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton ကို စေလွှတ်ပြီး ရန်ကုန်မြို့မှာလည်း EU ဋ္ဌာနေကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG