သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရုံးအင်တာနက်စာမျက်နှာ စတင်ဖွင့်လှစ်

မြန်မာနိုင်ငံမှာ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းပြန်ကြားရေးရုံးကနေ ပထမဆုံး Website ကို ဒီကနေ့ စတင်လိုက်ပါတယ်။

မြန်မာဘာသာနဲ့ ရေးသားထားတဲ့ Website မှာ သမ္မတရုံးနဲ့ ပတ်သက်တဲ့သတင်းတွေ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော်စသဖြင့် ကဏ္ဍတွေ ခွဲပြီးတော့ တင်ဆက်ထားတာကိုတွေ့ရပါတယ်။ ဒီကနေ့ တင်ထားတဲ့ သတင်းကတော့ သမ္မတနဲ့ တာဝန်ရှိသူတွေ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေး ပြုလုပ်နေတဲ့ပုံဖြစ်ပါတယ်။

ထူးခြားတာက ဒီသတင်းနဲ့ အတူ ဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာ သမ္မတရဲ့ ညာဘက်ထိပ်မှာ ထိုင်ခုံတနေရာ လစ်လပ်နေတာကို တွေ့ရပါတယ်။ သတင်းထဲမှာလဲ တက်ရောက်သူများစာရင်းမှာ ဒုတယသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ နာမည်ဖော်ပြထားခြင်းလည်း မရှိပါဘူး။

ဒါဟာ ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတရာထူးကနေ နုတ်ထွက်တယ်ဆိုတဲ့သတင်းကို သွယ်ဝိုက်ပြီး ဖော်ပြ လိုက်သလားလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်ရှင်။

This item is part of
XS
SM
MD
LG