သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဘေးရီးယားသမ္မတဟောင်း ထောင်ဒဏ်နှစ် ၈၀ ချဖို့ တရားလိုရှေ့နေတွေ အဆိုတင်


ဆီးယားရားလီယွန်နိုင်ငံက ပြည်တွင်းစစ်ကာလမှာ စစ်ရာဇဝတ်ပြစ်မှုတွေ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်စော်ကားတဲ့ ပြစ်မှုတွေ ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) မှာ တရားစွဲဆိုခံနေရတဲ့ လိုင်ဘေးရီးယားနိုင်ငံ သမ္မတဟောင်း ချားလ်(စ်)တေလာ (Charles Taylor) ကို ထောင်ဒဏ် နှစ်(၈၀) ချမှတ်ဖို့ ဥပဒေအကျိုးဆောင်အရာရှိတွေရဲ့ တောင်းဆိုမှုကို ချားလ်(စ်)တေလာ ရဲ့ ရှေ့နေတွေက မေလ (၁၁) ရက်နေ့က ကန့်ကွက်လိုက်ကြပါတယ်။

အခုလို ထောင်ဒဏ် ဘယ်ရွေ့ဘယ်မျှ ချမှတ်ပေးပါလို့ တောင်းဆိုနေတာဟာ ရန်ငြိုးအာဃာတနဲ့ လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ ဆီးယားရားလီယွန်ဘ ပြည်တွင်းစစ် ကာလကက ကျူးလွန်ခဲ့ကြတဲ့ ရက်စက်ကြမ်းကြုပ်မှုတွေအတွက် ချားလ်(စ်)တေလာ တစ်ဦးတည်းအပေါ် ပုံချနေသလို ဖြစ်နေတယ် လို့ သူ့ရဲ့ ရှေ့နေတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့လက ကုလသမဂ္ဂက ကမကထပြုတဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့က နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက ချားလ်(စ်) တေလာအပေါ်မှာ အကြမ်းဖက် မှု၊ လူသတ်မှု၊ မုဒိန်းမှုတွေ အပါအဝင် စွဲချက် (၁၁) ခုနဲ့ စွဲဆိုခဲ့တာဖြစ်ပြီးတော့ လာမယ့် မေလ (၃၀) ရက်နေ့မှာ သူ့အပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်မှာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆီးယားရားလီယွန် ပြည်တွင်း စစ်ကာလမှာ သူပုန်တွေကို လိုင်ဘေးရီးယား သမ္မတအနေနဲ့ ချားလ်(စ်)တေလာက တိုက်ရိုက်အမိန့်ပေးမှု မရှိပေမယ့် ဒီသူပုန်တွေထိန်းချုပ် တဲ့ စိန်တွင်းတွေက စိန်တွေရလိုမှုနဲ့ သူပုန်တွေရဲ့ လူမဆန်တဲ့ ရာဇဝတ်ပြစ်မှုတွေကို သိရှိပါလျက်နဲ့ အားပေးအားမြှောက်လုပ်တဲ့အနေနဲ့ လက်နက်နဲ့ တခြားသော လိုအပ်မှုတွေကို ပံ့ပိုးပေးခဲ့ကြောင်း ICC ရဲ့ တရားခွင်မှာ ဥပဒေအကျိုးဆောင်အရာရှိတွေ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

XS
SM
MD
LG