သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလေယာဉ်ပျက်ကျ၊ ၁၅ ဦးသေ


နီပေါနိုင်ငံမြောက်ပိုင်းက Jomsom လေဆိပ်နားမှာ တနင်္လာနေ့က လေယာဉ်ပျံတစ်စင်း ပျက်ကျခဲ့တဲ့အတွက် ၁၅ ဦးသေဆုံးခဲ့ရတယ်လို့ နီပေါရဲတွေက ပြောပါတယ်။

လေယာဉ်ပေါ်ပါလာသူတွေထဲက ၆ ဦး အသက်ရှင်ပြီး ကျန်နေတာတွေ့ရတဲ့အတွက် အနီးအနားက ပေါ့ခါရာ (Pokhara) မြို့ကို ဆေးကုသမှုပေးဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Agni Air ကုမ္ပဏီပိုင်လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ခရီးသည်တွေထဲမှာ အိန္ဒိယလူမျိုး ၁၆ ဦး၊ အနောက်နိုင်ငံသားနှစ်ဦးနဲ့ နီပေါလေယာဉ်မှူးနှစ်ဦးတို့ ပါဝင်ပြီး နီပေါလေယာဉ်ဝန်ထမ်းတစ်ဦးလည်း ပါဝင်ပါတယ်။ နီပေါနိုင်ငံမှာ အခုလို လေယာဉ်ပျံပျက်ကျမှုဟာ သိပ်ကို ရှားပါးပါတယ်။

XS
SM
MD
LG