သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မျက်မမြင်လှုပ်ရှားသူနှင့်မိသားစု Passport လျှောက်လွှာတင်ပြီး

陈光诚首次直播上电视 接受VOA卫视采访
陈光诚首次直播上电视 接受VOA卫视采访

တရုတ်နိုင်ငံက အစိုးရနဲ့သဘောထားကွဲလွဲသူ မျက်မမြင်ရှေ့နေ ချဲန်ဂွမ်ချဲန်းဟာ သူနဲ့သူ့မိသားစု နိုင်ငံကူး လက်မှတ် လျှောက်လွှာတင်ပြီးပြီ၊ ဒီလကုန်မှာ အာဏာပိုင်တွေက သူတို့ကို နိုင်ငံကူး စာရွက်စာတမ်းတွေ ထုတ်ပေးမယ်လို့ ပြောကြောင်း ဆိုပါတယ်။

နေအိမ်အကျယ်ချုပ် အဖမ်းခံထားရာကနေပြီးတော့ အရင်လက စွန့်စွန့်စားစား ထွက်ပြေးခဲ့လို့ရထားခဲ့တဲ့ ဒဏ်ရာတွေကို ပြီးခဲ့တဲ့လက ဆေးရုံတက်ကုသနေရာကနေ မစ္စတာချဲန်းက ဗွီအိုအေ တရုတ် မက်ဒရဲင်းဌာနကို ဗုဒ္ဓဟူးနေ့ကပဲ ပြောသွားတာဖြစ်ပါတယ်။ ပတ်စ်ပို့အတွက် ဓာတ်ပုံတွေလည်း ရိုက်ပြီးပြီ၊ လျှောက်လွှာကိုလည်း ရှန်ဒေါင်းပြည်နယ်၊ လုံခြုံရေးအရာရှိတွေက သူ့ဆေးရုံခန်းကို ဗုဒ္ဓဟူးနေ့က ပို့ပေးတယ်လို့ မစ္စတာချဲန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တက္ကသိုလ်မှာ သူ့ကို ပညာသင်ကြားခွင့်ပေးမယ်လို့ တရုတ်အစိုးရ အရာရှိတွေ ဒီလအစောပိုင်းမှာ ပြောသွားပြီးကတည်းက ဒါက ပထမဦးဆုံး တိုးတက်မှုရတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG