သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား အတိုက်အခံခေါင်းဆောင် တရားစွဲခံရမယ့် အရေးနဲ့ကြုံ


ပြီးခဲ့တဲ့လအတွင်း မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ အတိုက်အခံခေါင်းဆောင် အဏ္ဏဝါအီဘရာဟင်ကို တရားစွဲဆိုမှာဖြစ်တယ်လို့ မလေးရှားတာဝန်ရှိသူတွေကပြောပါတယ်။

ငြိမ်းချမ်းစွာစုရုံးခွင့်ဆိုတဲ့အချက်ကို ချိုးဖောက်ခဲ့မှုနဲ့ အင်္ဂါနေ့မှာ တရားစွဲဆိုတာကို လာရောက်ရင်ဆိုင်ဖို့အတွက် အကြောင်းကြားချက်ကို မစ္စတာ အဏ္ဏဝါထံကို ပို့ထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ရွေးကောက်ပွဲဥပဒေတွေ နည်းစနစ်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဧပြီလ ၂၈ ရက်နေ့ က မြို့တော် ကွာလာလမ်ပူမှာ ကျင်းပခဲ့တာပါ။

အဲဒီဆန္ဒပြပွဲမှာလူပေါင်း ၂ သောင်းခွဲလောက် ပါဝင်ခဲ့ပြီး မြို့လည်ခေါင်မှာ ဆန္ဒပြခြင်းမပြုရဆိုတဲ့ဥပဒေကို အာခံပြီး သံဆူးကြိုး အကာအရံတွေကို ကျော်ဖြတ်ပြီး အစောင့်တွေ ထူထူထပ်ထပ်ချထားတဲ့ လွတ်လပ်ရေးရင်ပြင်အတွင်းကို ဝင်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG