သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးညီလာခံနဲ့ အမေရိကန်ရဲ့ အနာဂတ်မဟာဗျူဟာ


ချီကာဂိုမှာ ကျင်းပခဲ့တဲ့ နေတိုးထိပ်သီးညီလာခံအပြင်ဘက်မှာ စစ်ဆန့်ကျင်ရေးဆန္ဒပြသူတွေက နေတိုးတပ်ဖွဲ့ ဖျက်သိမ်းဖို့အထိ တောင်းဆိုနေကြပါတယ်။ ၂ ရက်ကြာ ကျင်းပတဲ့ နေတိုးထိပ်သီးညီလာခံအတွင်း အမေရိကန်ရဲ့ ရည်ရွယ်ချက် ၂ ခုက လာမယ့်နှစ်တွေအတွင်း အာဖဂန်မှာ အမေရိကန်တိုက်ခိုက်ရေး ပိုင်း လျှော့ချရေးနဲ့ အာဖဂန်တပ်ဖွဲ့တွေ အစားထိုးတာဝန်ယူတဲ့အခါမှာ နေတိုးတပ်ဖွဲ့ဝင်တွေက ရန်ပုံငွေ ပိုထည့်ဖို့ပဲဖြစ်ပါတယ်။ အာဖဂန်စစ်ပွဲကို ဘယ်လို အဆုံးသတ်မလဲ၊ အမေရိကန်ပြည်ထောင်စု အနေနဲ့ရော ရှေ့ဆက်ချမှတ်မယ့် မဟာဗျူဟာ ဘယ်လိုရှိမလဲဆိုတာနဲ့ အမေရိကန်ပြည်တွင်းရေးကို အာဖဂန်စစ်ပွဲဂယက် ရိုက်ခတ်လာမှု ရှိမရှိ စတာတွေကို - ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

XS
SM
MD
LG