သုံးရလွယ်ကူစေသည့် Link များ

ကျဆုံးသူစစ်သည်တွေ သမ္မတအိုဘားမား ဂုဏ်ပြု


အခု တနင်္လာနေ့မှာကျရောက်တဲ့ အောက်မေ့ဖွယ်နေ့မှာတော့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အမေရိကန်ပြည်ထောင်စုရဲ့ စစ်ပြန်စစ်မှုထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေကို ဦးညွှတ်ဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန်တလွှားမှာတော့ အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပနေကြပါတယ်။

ဝါရှင်တန်မြို့အပြင်စပ်နားက Arlinton အမျိုးသားစစ်သင်္ချိုင်းမှာ သမ္မတအိုဘားမားက မိန့်ခွန်းပြောပါတယ်။ အခုဆိုရင် ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ အမေရိကန်တွေဟာ အီရတ်နိုင်ငံထဲမှာ စစ်ဆင်တိုက်ခိုက်နေတာတွေ သေဆုံးနေတာတွေမရှိတော့ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါ့အပြင် အာဖဂန်ကစစ်ပွဲတွေကိုလည်း အရှိန်လျှော့ချနေတယ်လို့ ပြောပါတယ်။

အမည်းရောင်တိမ်တိုက်စစ်ပွဲတွေကနေ အခု ဆယ်စုနှစ်တခုအကြာမှာ အမေရိကန်ပြည်သူတွေဟာ မိုးကုတ် စက်ဝိုင်းရဲ့ နေ့သစ်အလင်းကို မြင်တွေ့နိုင်ကြပြီလို့ သမ္မတ အိုဘားမားက တင်စားပြောဆိုသွားပါတယ်။ အခုလို အောက်မေ့ဖွယ်နေ့ကို ၁၈၆၈ ခုနှစ်မှာ Decoration Day ဆုတံဆိပ်တွေ ချီးမြှင့်တဲ့နေ့အနေနဲ့ ကနဦး စတင် ကျင်းပခဲ့တာပါ။ အဲဒီတုန်းကတော့ လူပေါင်း ၆ သိန်းကျော်အသက်ဆုံးရှုံးခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်အပြီး သုံးနှစ်မှာ ကျင်းပတာဖြစ်ပါတယ်။

ဒီနေ့နှောင်းပိုင်းမှာတော့ သမ္မတအိုဘားမားဟာ ဗီယက်နမ် စစ်ပြန်စစ်မှုထမ်းဟောင်း အမှတ်တရနေရာကို သွားရောက်လည်ပတ် ကြည့်ခဲ့ပါတယ်။ အခုလို ဗီယက်နမ်စစ်ပွဲနဲ့ စစ်ပြန်တွေကြောင့်ပဲ အမရိကန်ပြည်ထောင်စုဟာ သူ့စစ်တပ်ကို ပိုပြီး ကောင်းမွန်အောင် လုပ်နိုင်ခဲ့သလို စစ်ပြန်တွေကိုလည်း ကောင်းကောင်းမွန်မွန်ဂုဏ်ပြုခဲ့ကြတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

XS
SM
MD
LG