သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဘေးရီးယား သမ္မတဟောင်း ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံရ

လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ် တေလာ (Charles Taylor) ကို စစ်ရာဇဝတ်ပြစ်မှု၊ လုူသားမျိုးနွယ်တွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အထူးတရားရုံးကနေ ထောင်ဒြဏ်ပစ်ဒဏ် နှစ် ၅၀ အပြစ်ပေးလိုက်ပါတယ်။

ချားလ်စ်တေလာဟာ သမ္မတ တယောက်အနေနဲ့ နိုင်ငံငြိမ်းချမ်းပြီး တည်ငြိမ်အောင်လုပ်ရမယ့်အစား သူပုန်တွေကို ထောက်ခံပံ့ပိုးမှုတွေ ပေးပြီး သူပုန်တွေရဲ့ အကူအညီကို ယူခဲ့တယ်လို့ The Hague နိုင်ငံတကာပစ်မှုဆိုင်ရာခုံရုံးရဲ့ ဆီရာရား လီယွန် (Sierra Leone) ဆိုင်ရာမှုတွေကို စစ်ဆေးနေတဲ့ အထူးတရားခွင်က ဒီကနေ့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ တရားရုံးရှေ့နေတွေက သူ့ကို ပြစ်ဒဏ် အနှစ် ၈၀ ချမှတ်ဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးကတော့ နှစ် ၈၀ ဟာ သိပ်များနေတယ်လု့ိဆိုပါတယ်။

အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ မစ္စတာတေလာကို ဆီရာရား လီယွန် နိုင်ငံတွင်း တိုက်ပွဲတွေကြာရှည်စေမယ့် လက်နက် မပြတ်တင်သွင်းမှုအပြင် လူသတ်မှု၊ မဒိန်းမှု၊ ကလေးစစ်သားစုဆောင်းမှုနဲ့ ကျွန်ပြုမှု အပါအဝင် ပြစ်မှု ၁၁ မှုနဲ့ ပြီးခဲ့တဲ့လကပြီး တရားစွဲဆိုခဲ့တာပါ။

This item is part of
XS
SM
MD
LG