သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပဋိပက္ခ အခြေအနေဆိုးဝါးမှု လုံခြုံရေးကောင်စီတင်ပြ


ကုလသမဂ္ဂ္ဂငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်ရဲ့လက်ထောက်က ကိုဖီအာနန်ရဲ့ဆီးရီးယားခရီးစဉ်နဲ့ ပတ်သတ်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ တက်ရောက်တဲ့ လုံခြုံရေးကောင်စီမှာ ရှင်းပြခဲ့ပါတယ်။ အခုလိုရှင်းပြနေတဲ့အချိန်မှာပဲ ဆီးရီးယားကပဋိပက္ခတွေဟာ လျော့နည်းလာနေပြီလို့ သံတမန် တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ တံခါးပိတ်ဆွေးနွေးပွဲအပြီး ကုလသမဂ္ဂဆိုင်ရာ ဂျာမဏီနိုင်ငံသံအမတ်က ဝှာလာ မှာဖြစ်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြီးဟာ လုံခြုံရေးကောင်စီထဲက အဖွဲ့ဝင်တချို့ကို အလန့်တကြားဖြစ်သွားစေခဲ့ပေမဲ့ ဂျာမဏီအနေနဲ့တော့ ဆီးရီးယားအရေးကို စစ်ရေးနဲ့ ၀င်ရောက်ဖြေရှင်းဖို့ ကို ကန့်ကွက်တယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။

ကိုဖီအာနန် ဆီးရီးယားနိုင်ငံကထွက်ခွာပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ဂျော်ဒန်တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေး ခဲ့ပါတယ်။ နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့ပတ်သတ်ပြီး ငြိမ်းချမ်းရေးနည်းလမ်းတွေသုံးပြီး ပြေ လည်အောင် ဖြေရှင်းပေးပေးဖို့ ဆီးရီးယားအစိုးရကို ကိုဖီအာနန်အနေနဲ့ မတိုက်တွန်းနိုင်ခဲ့ဘူး လို့ ပြောပါတယ်။

ရုရှအနေနဲ့တော့ ဆီးရီးယားရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး စိတ်မသက်မသာဖြစ်ရပေမဲ့ ဆီးရီးယားအရေးကို နိုင်ငံတွေက စစ်ရေးအရ ပါဝင်မယ်ဆိုရင်တော့ ဗီတိုသုံးပြီး ကန့်ကွက်မှာဖြစ်တယ်လို့ ရုရှသံအမတ်က ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Deir El Zour မှာ အင်္ဂါနေ့မှာ တွေ့ရှိတဲ့ လူ ၁၃ လောင်းကို ကုလ သမဂ္ဂစောင့်ကြည့်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ အသတ်ခံရသူတချို့ဟာ လက်ပြန်ကြိုး တုပ်ထားခံရပြီး ခေါင်းမှာသေနတ် ဒဏ်ရာတွေနဲ့ သေဆုံးရတာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိပါတယ်။

ကုလသမဂ္ဂစောင့်ကြည့်ရေးအင်္ဖွဲ့မှာပါဝင်တဲ့ နော်ဝေနိုင်ငံဗိုလ်ချုပ်ကတော့ ဒီလိုသတ်ဖြတ်မူတွေ ဒီ အဖြစ်အပျက်နဲ့ပတ်သတ်ပြီး အရမ်းကို စိုးရိမ်မကင်းဖြစ်မိပြီး ဆီးရီးယားမှာ ဒီလိုအကြမ်းဖက်မှုတွေ အဆုံးသတ်စေချင်ပြီလို့ ပြောပါတယ်။

XS
SM
MD
LG