သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ Mitt Romney သေချာ

ရီပတ်ဘလီကဲန်ပါတီ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် မန်ဆက်ချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney အနိုင်ရလာတဲ့အပေါ်မှာ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား မစ္စတာ Romney ကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဒီမိုကရစ်တစ်ပါတီရဲ့ သမ္မတအိုဘားမားဟာ သူ့ပြိုင်ဘက်ဖြစ်လာမယ့် ရီပတ်ဘလီကန်က သမ္မတလောင်းကို ဒီနေ့ မနက်ပိုင်းက ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ မစ္စတာအိုဘားမား အောင်နိုင်ရေးအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ မစ္စတာ Romney ဟာ အင်္ဂါနေ့ Texas မှာလုပ်တဲ့ ရီပတ်ဘလီကဲန်ပဏာမရွေးကောက်ပွဲကနေ ရီပတ်ဘလီကဲန် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရသွားတာဖြစ်ပါတယ်။ ကိုယ်စားလှယ်မဲ ၁၅၀ ကနေ ၈၈ မဲရခဲ့ပါတယ်။ ဒါကြောင့် ပါတီ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကိုယ်စားလှယ်မဲပေါင်း ၁၁၄၄ မဲ ရရှိရမယ် ဆိုတဲ့နေရာမှာ မစ္စတာ Romney ဟာ ဒီမဲအရေအတွက်ထက် ပိုရသွားတာကြောင့် လာမယ့်နွေ ရီပတ်ဘလီကဲန်ညီလာခံမှာ ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုနိုင်သလို ဖြစ်သွားပါတယ်။

လာမယ့် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေအတွင်း Mr.Romney နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်အတွက် အရေးကြီးပြီး မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း စကားစစ်ထိုးမှုတရပ်ပြုလုပ်နိုင်ဖို့ သမ္မတအိုဘားမားအနေနဲ့ မျှော်လင့်တဲ့အကြောင်း သမ္မတအိုဘားမား ရွေးကောက်ပွဲအောင်နိုင်ရေး ပြော ခွင့်ရသူက ပြောပါတယ်။ Mr.Romney ပြောခွင့်ရသူကတော့ အခု သမ္မတ စကားပြောကြတာဟာ အချိန်တိုတိုနဲ့ ပုံမှန်ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတအိုဘားမားနဲ့ Mr.Romney တို့ဟာ လာမယ့် ဇန်နဝါရီစမယ့် သမ္မတ သက်တမ်း လေးနှစ်အတွင်း ဘယ်သူက နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်မလဲဆိုတာကို သတင်းပတ်ကြာ တဦးနဲ့တဦး အပြန်အလှန် ထိုးနှက်ပြောဆိုခဲ့ကြပါတယ်။ မကြာခင်က မဲဆန္ဒရှင် စစ်တမ်းတွေမှာတော့ မစ္စတာအိုဘားမားက ရှေ့က အသာလေး ဦးဆောင်နေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမဲ ကပ်နေမယ့်သဘောရှိတယ်လို့ အမေရိကန်နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံရေး အစဉ်အလာအရတော့ ပါတီကိုယ်စားလှယ်နှစ်ဦးဟာ အောက်တိုဘာလထဲမှာ သုံးကြိမ် စကားစစ်ထိုးပွဲလုပ်ရဖို့ရှိပါတယ်။ ဒါပေမယ့် ဒုတိယသမ္မတ Joe Biden ကလည်း မစ္စတာ Romney အမည်မတင်ရသေးတဲ့ ဒု သမ္မတနဲ့ စကားစစ်ထိုးပွဲတပွဲ လုပ်ရဖို့ရှိပါတယ်။

This item is part of
XS
SM
MD
LG