သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတရားဥပဒေစိုးမိုးရေး တရုတ်ရှေ့နေတိုက်တွန်း

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ မျက်မမြင်ရှေ့နေ Chen Guangcheng က တရုတ်ပြည်မှာ ဒီမိုကရေစီရေး အပြောင်းအလဲဟာ နှေးကွေးပေမဲ့ နောက်ကြောင်းပြန် လှည့်လို့တော့ မရဘူးလို့ ပြောဆို လိုက်ပါတယ်။ နယူးယောက်မြို့အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ မနေ့ကကျင်းပတဲ့ ဆွေးနွေးပွဲမှာ ရှေ့နေ Chen Guangcheng ကပြောဆိုလိုက်တာပါ။

သမ္မတဟူကျင်တောင်းအပါအဝင် တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားကြပါရန်လည်း Chen Guangcheng ကဆော်သြ လိုက်ပါတယ်။ တရုတ်ပြည် ရဲ့ပြဿနာက ဥပဒေမဲ့တာမဟုတ်ဘဲ ရှိနှင့်ပြီးသား တည်ဆဲဥပဒေတွေကို မလေးစားကြတာကြောင့်လို့ သူကထောက်ပြ လိုက်ပါတယ်။

ဒီမိုကရေစီ “စံ” ဆိုတာ ပုံစံတမျိုးထက်မက ရှိတယ်ဆိုတာကို သူသဘောတူကြောင်း တရုတ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံ တွေရဲ့ ပုံစံ ဒီမိုကရေစီကို ပုံတူကူးချပြီး ဖော်ဆောင်ဖို့မသင့်ကြောင်း ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့အနေနဲ့ အရှေ့တိုင်း ဒီမိုကရေစီကို လေ့လာသင်ယူဖို့လိုကြောင်း၊ ထိုင်ဝမ်မှာလည်း ဒီမိုကရေစီကို ကျင့်သုံးနေပြီး ကောင်းမွန်တဲ့ စံနစ်ကို သင်ယူ၊ အကျင့်ဆိုးတွေကိုရှောင်ရှားကြဖို့ဆိုတဲ့ ရှေးဟောင်း တရုတ် စကားပုံကို Chen Guangcheng ကကိုးကား ပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံမှာ ခေါင်းဆောင်ပိုင်းက လူထုအပေါ် မတော်တရော် ပြုမူဆက်ဆံရင် နိုင်ငံတကာ ဥပဒေတွေအရ အရေးယူသင့်တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

This item is part of
XS
SM
MD
LG