သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကြောင့် ဆီးရီးယားပြည်တွင်းစစ်ဖြစ်နိုင်ဟု ကလင်တန်သတိပေး


ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ဒ်ကို အရေးယူရေး ရုရှားနိုင်ငံက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချဘူးဆိုရင် ပြည်တွင်းစစ်ကို တွန်းပို့သလို အားပေးရာရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။ ရုရှားတာဝန်ရှိသူတွေ ကတော့ ဆီးရီးယား ပြည်တွင်းစစ်ကို ရှောင်ရှားနိုင်ဖို့အတွက် ကူညီနေတယ်လို့ ပြောဆိုပါတယ်။

ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံတည်ငြိမ်ရေးကို အားသွန်ခွန်စိုက် ကူညီနေတယ်လို့ ပြောတာကို ဒိန်းမတ်နိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး ကလင်တန်က လက်မခံဘဲ ပယ်ချလိုက်တာပါ။

ကုလသမဂ္ဂမှတ်တမ်းအရ လူ တသောင်းကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ဆီးရီးယား အတိုက်အခံနှိမ်နင်းမှုမှာ သမ္မတအာဆတ်ဒ်အစိုးရကို ရုရှားနိုင်ငံက ဖေးမနေတယ်လို့လည်း ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားကိုအရေးယူရေး ရုရှားနဲ့တရုတ်တို့က အပြင်းအထန်ကန့်ကွက်နေတယ်ဆိုပေမယ့် တကယ်တန်း အဓိကကျတာကတော့ ရုရှားနိုင်ငံဖြစ်တဲ့အကြောင်း၊ ဒီလို ရုရှားနိုင်ငံက က,ဖျက် ယ,ဖျက်လုပ်နေတဲ့ အတွက် နိုင်ငံတကာကနေ အတူတကွပူးပေါင်းပြီးတော့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ပိုပြီး ခက်ခဲစေတယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျေ၊ ကာနေကလည်း ဝန်ကြီးကလင်တန်ရဲ့မှတ်ချက်အတိုင်းပါပဲ- သမ္မတ အာဆတ်ဒ်အစိုးရ သက်ဆိုးရှည် နေတာနဲ့အမျှ ဆီးရီးယားအရပ်သား ပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံနေရတဲ့အကြောင်း အီရန်နဲ့ တခြားနိုင်ငံတွေက အာဆတ်ဒ်သစ္စာခံတွေကို ပံ့ပိုးပေးနေတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်ရှင်။

XS
SM
MD
LG