သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ကုလစောင့်ကြည့်အရေးအဖွဲ့ ပစ်ခတ်ခံရ

ဆီးရီးယားနိုင်ငံမှာ နောက်ထပ်အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့နေရာကို သွားရောက်စစ်ဆေးတဲ့ လက်နက်မဲ့ ကုလသမဂ္ဂ အကဲခတ်အဖွဲ့ဝင်တွေ အပစ်ခံရပြီး အဲဒီနေရာကို သွားလို့မရအောင် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကပြောဆိုလိုက်ပါတယ်။

ဟာမာခရိုင် အလယ်ပိုင်း မာဇရတ်အယ်လ်ကူဘဲရွာမှာ ဖြစ်ပွားတဲ့ သတ်ဖြတ်မှုကို စစ်ဆေးဖို့သွားရောက်တဲ့ ကုလ အကဲခတ် အဖွဲ့ဝင်တွေကို အဲဒီနေရာ ဝင်လို့မရအောင် လက်နက်ငယ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရတာတော့မရှိပေမဲ့ ကားတစီးတော့ ကျည်ဆံထိခဲ့ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အာရတ်အဖွဲ့ချုပ်ရဲ့ အထူးကိုယ်စားလှယ် ကိုဖီအာနန်က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆီးရီးယား အရေး နောက်ထပ်တဆင့်တိုးပြီးတုံ့ပြန်မှဖြစ်တော့မယ်လို့ ကုလအထွေထွေ ညီလာခံမှာ ပြော ဆိုလိုက်ပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဆီးရီးယားက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဟာ ပြောပြလို့တောင် မရနိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုဖြစ်တယ်လို့ အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြော ဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG