သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး အမေရိကန်ဖေးမကူညီခဲ့


အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာတ၀န်းနိုင်ငံတွေမှာ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေး အတွက် လူအင်အားနဲ့ ငွေအင်အား ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် မြန်မာနိုင်ငံလိုနိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲရေး လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားဖေးမပေးနိုင်ခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဌာနရဲ့ သုံးဆယ့်ငါးနှစ်မြောက် နှစ်ပတ် လည် အခမ်းအနားမှာ ၀န်ကြီး ကလင်တန်က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားဖေးမခဲ့တဲ့အကြောင်း၊ အရှေ့ အလယ်ပိုင်းဒေသနဲ့ အာဖရိကမြောက်ပိုင်းမှာ ဒီမိုကရေစီ အသွင် ကူးပြောင်ရေးကို ထောက်ခံပံ့ပိုးပေးခဲ့တာတွေကို အဓိက ထောက်ပြပြီး အမေရိကန်နိုင်ငံခြားရေးဌာန၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဌာနရဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား မှာ ပြောဆိုသွားခဲ့တာပါ။

လိင်တူစုံမက်သူ အခွင့်အရေး၊ အလုပ်သမားတွေ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နိုင်ငံတကာမှာ အင်တာနက် လွတ်လပ်ခွင့်အတွက် ကျယ်ကျယ်ပြန်ပြန့်ရအောင် ကြိုးပမ်းပေးနိုင်ခဲ့တာတွေကိုလည်း ၀န်ကြီးကလင်တန်က ထည့်သွင်း ပြောဆိုသွားပါတယ်။ ၃၅ နှစ်တာကာလ အတွင်း ဖိနှိပ်တဲ့အစိုးရတွေကို ပြင်းပြင်းထန်ထန်ဝေဖန် ရင်း ဒီမိုကရေစီပြန့်ပွားအောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဌာနရဲ့ စွမ်းဆောင်မှုတွေကို ၀န်ကြီးကလင်တန်က ချီးကျူး ပြောဆိုသွားတာဖြစ်ပါတယ်။

XS
SM
MD
LG