သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသူပုန် အခြေစိုက်စခန်းများ အစိုးရ တိုက်ခိုက်


ဆီးရီးယားအစိုးရက သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို Helicopter တွေသုံးပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေပိတ်မိမှာကို စိုးရိမ်မှုတွေ ဖြစ်နေကြတယ်လို့ ကုလသမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံက နောက်ဆုံးဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုက အထူး စိုးရိမ်ပူပန်နေကြောင်း လည်း ပြောဆိုပါတယ်။

လက်နက်ကြီးတွေ၊ Helicopterတွေ၊ tank ကားတွေနဲ့ တိုက်ခိုက်ခံနေရတဲ့ သူပုန်တွေထိန်းချုပ်ရာ Homs နဲ့ Haffeh ဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ ကုလသမ္မဂအဖွဲ့နဲ့ အာရပ်အဖွဲ့ချုပ် ကိုယ်စားလှယ် Kofi Anan က ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားစစ်တပ်က သူပုန်တွေဘက်ကို Helicopterတွေနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အစီရင်ခံစာကို ပထမဆုံး အကြိမ်အဖြစ် လေ့လာဆန်းစစ်နိုင်ခဲ့ပြီလို့ ကုလသမဂ္ဂအဖွဲ့က ပြောဆိုပါတယ်။ Homs နဲ့ Haffeh မြို့တွေမှာ အရပ်သားတွေ အများအပြား ပိတ်မိနေတဲ့ အနေအထားတွေ တွေ့နေရတယ်လို့ Mr. Anan ရဲ့ ပြောခွင့်ပုဂ္ဂိုလ် Ahmad Fawzi ကပြောဆိုပါတယ်။

Syria နိုင်ငံတလွှား နေရာ ၆ နေရာလောက်မှာ နောက်ထပ် လူအများကြီး သေဆုံးစေနိုင်တဲ့ တိုက်ခိုက်မှုတွေလုပ်ဖို့ ဆီးရီးယား စစ်တပ်က စီစဉ်နေပုံရှိတဲ့ အစီရင်ခံစာတွေ ထွက်နေတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ Victoria Nuland က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG