သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဂျနီဗာရောက်ပြီ


မြန်မာနိုင်ငံကနေ ဂျွန်လ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဥရောပခရီးစဉ် စတင်ထွက်ခွာလာခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ပထမဆုံး ခရီးစဉ်တထောက်ဖြစ်တဲ့ မကြာသေးခင် နာရီပိုင်းအတွင်း ကပဲ ဒေသ စံတော်ချိန် ၁၃ ရက်နေ့ည ၁၁ နာရီမှာ ဂျနီဗာမြို့ရဲ့ နိုင်ငံတကာလေဆိပ်ကို ရောက်ရှိခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလို ရောက်လာတာနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်တလျှောက် သတင်းယူဖို့ ရောက်နေတဲ့ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းကို မအေးသန္တာကျော်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို စပြီးပြောပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ “ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့လိုက် ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေး အစောင့်အကြပ်တွေက တခါတည်း ကားပေါ်တက်ပြီးတော့ ဟိုတယ်လ်ကို သွားတယ် ဆိုတာနဲ့ အန်တီတို့လည်း ဟိုတယ်ကို ပြေးပြီးလိုက်လာကြတာပေါ့နော်။ ဟိုတယ်လ်လည်းရောက်ရော ဒေါ်အောင် ဆန်းစုကြည်ကိုတော့ မမြင်လိုက်ရဘူး။ ဒါပေမဲ့ သူ့ကို စောင့်ပြီး ကြိုဆိုနေတဲ့ အဖွဲ့တွေကိုတော့ တွေ့ရ တာပေါ့လေ။ အဲဒီအထဲက ဆွစ်ဇာလန် အခြေစိုက်၊ မြန်မာ့အရေး လှုပ်ရှားနေတဲ့ အမျိုးသမီးတယောက်ကတော့ သူ တွေ့လိုက်ရတဲ့အကြောင်း ပြောပြတယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးလိုက်ရတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်က သိပ် ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ပုံရတယ်-တဲ့။ ထုံးစံအတိုင်းပဲ။ မြင်နေကျ ပန်းလေးက ပန်ထားတာ တွေ့ရ တယ်-တဲ့။ သူတို့ကို ဒီလိုမျိုး စောင့်ပြီးတော့ သူတို့ကို လာပြီးကြိုနေကြတာကို တွေ့ရတဲ့အခါ ကျတော့ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရတာ တော်တော်လေး ဝမ်းသာအားရ ဖြစ်သွားပုံရတယ်လို့ သူက ပြော တယ်လေ။ နောက်ပြီး အခုတော့ ဒေါ်အောင်ဆန်းစုကြည် ဟိုတယ်ထဲမှာ နားနေပြီးတော့ အနားယူဖို့ လိုအပ်တယ်ဆိုပြီး ဘယ်သူမှ ဆက်ပြီး တွေ့ခွင့်မရတော့ပါဘူး။”

ဒေါ်ခင်စိုးဝင်း။ ။ “ဒါပေမဲ့ မအေးသန္တာကျော်ရေ- အန်တီတို့ သွားပြီးစောင့်နေတုန်းကတော့ ဆွစ် ဇာလန်ရောက် မြန်မာအသိုင်းအဝိုင်း အတော်များများနဲ့ တွေ့ခဲ့တယ်။ အဲဒီမှာ နောက် နိုင်ငံခြားသား သတင်းထောက် တော်တော်များများလည်း လာပြီး စောင့်နေကြတာပါ။ ခရီးသည်တွေထဲက ဆိုရင် လည်း ဒေါ်အောင်ဆန်း စုကြည်လာမယ်ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ တွေ့ပြီး သူတို့လည်း ဝမ်းသာအားရ ဝိုင်းပြီးတော့ ပူးပေါင်း ပြီးတော့ လာပြီးစောင့်ကြ၊ ကြိုဆိုကြတာပေါ့နော်။ အဲဒီအထဲမှာ အသက် ၉၁ နှစ် အရွယ် အဖွားတယောက်လည်းပါတယ်။ နောက် မြန်မာမိသားစု အသိုင်းအဝိုင်းထဲက လူတွေကိုလည်း မေးဖြစ်ခဲ့တယ်လေ။”

- “အခုလို သတ္တိရှိရှိနဲ့ ဒီမိုကရေစီရအောင် တိုက်ခိုက်လာတာ၊ အနှစ် နှစ်ဆယ်လုံးလုံး ဒုက္ခခံပြီး တော့- အဲဒါကြောင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာ။ တအား- ဂုဏ်ယူစရာ၊ အားတက်စရာ၊ ဝမ်းသာစရာကောင်းလိုက်တာလို့။”

- “ကျနော့်ရင်ထဲမှာတော့ အတိုင်းထက်အလွန် ခံစားရပါတယ်။ ပြောရမယ်ဆိုရင် ကိုယ် ပြောတဲ့ စကားနဲ့တောင်မှ ကိုယ်ခံစားရတဲ့ဟာက ပြောပြလို့ မရအောင်ပါပဲ။”

- “ကျမတို့ ဒေါ်စုအတွက် ပန်းတွေ တပွေ့တပိုက်ကြီးဝယ်လာပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ လာရောက် ကြိုဆိုတာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဗမာလူမျိုးတွေနဲ့ ဗမာပြည်သူပြည်သားတွေ၊ တိုင်းပြည် တပြည်လုံး၊ အားလုံးအတွက် ဒီလောက်ကြာကြာ အနစ်နာခံပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်တဲ့အနေနဲ့လည်း ပါပါတယ်။”

မအေးသန္တာကျော်။ ။ “ဟုတ်ကဲ့၊ ဒါကတော့ ဗွီအိုအေက ဒေါ်ခင်စိုးဝင်းက မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ လိုက်ပါစီးနင်းလာတဲ့လေယာဉ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ လေယာဉ်ကွင်းကို မဆိုက်ရောက်ခင်မှာ လေဆိပ်မှာ စောင့်ကြိုနေကြတဲ့ မြန်မာ အသိုင်းအဝိုင်း ထဲက တချို့နဲ့ စကားပြောခဲ့တာပေါ့နော်။

အဲဒီတော့ အခုနတုန်းကလည်း အထဲက တာဝန်ရှိသူတယောက်က ဒေါ်အောင်ဆန်းစုကြည် မတွေ့နိုင် တော့ဘူးလို့ လာပြောတာ အန်တီကိုယ်တိုင် ကြားလိုက်ရပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဟိုတယ် ပေါ်မှာတက်ပြီး နားနေပြီဆိုတော့ ဒီနေ့ ဉာဉ့်လည်း တော်တော်နက်နေပြီ။ အဲဒီမှာဆိုရင် ည ၁၂ နာရီ ထိုးတော့မယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “ဟုတ်တယ်။ ဟုတ်တယ်။ ဒါပေမဲ့ အခု နောက်ဆုံးသတင်းအရတော့ ဒေါ်အောင် ဆန်းစုကြည်က မနက်ဖြန်ကျရင်တော့ သူ ဆက်ဆက်တွေ့ပါမယ်ဆိုပြီးတော့ ပြောပါတယ်။”

မအေးသန္တာကျော်။ ။ “အော်- ဟုတ်ကဲ့-”

ဒေါ်ခင်စိုးဝင်း။ ။ “ခဏလေး၊ ခဏလေး- ကိုဇေယျာသော်ထွက်လာတယ်တဲ့။ ခဏလေး- မအေးသန္တာ ကျော်ရေ အခုပဲ ကိုဇေယျာသော် ပစ္စည်းတွေတင်တဲ့ ကားပေါ်က ဆင်းလာတာ တွေ့လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့အတူ လိုက်ပါလာတဲ့ ကိုဇေယျာသော် ဆင်းလာတာ တွေ့လိုက် တယ်။ အန်တီ လိုက်ဖမ်းလိုက်အုံးမယ်နော်။ ကိုဇေယျာသော်- မောလည်းမောနေပြီ။ ပစ္စည်းတွေလည်း အများကြီးချရမယ်ဆိုတော့လေ။ ခရီးစဉ်လေးကို အတိုချုံးပြီး ပြောပြပေးပါအုံး။ ဘယ်လိုလဲ။ ”

ဦးဇေယျာသော်။ ။ “အော်၊ ဟုတ်ကဲ့၊ အဆင်ပြေပါတယ်ခင်ဗျ။”

ဒေါ်ခင်စိုးဝင်း။ ။ “ကိုဇေယျာသော်လည်း ကားပေါ်က ပစ္စည်းတွေချလာတော့ ပစ္စည်းတွေ တပုံ တခေါင်းကြီးကို သူတာဝန်ယူထားရပုံ ရပါတယ်။ အဲဒီတော့ ပစ္စည်းတွေလည်းချရော ပစ္စည်းတွေ ကြည့်ဖို့ဆိုပြီးခေါ်သွားတာ ပစ္စည်းတွေနောက်ကို ပါသွားလေရဲ့၊ ပြန်ထွက်လာမယ့်ပုံတော့ မပေါ်တော့ဘူး။ မအေးသန္တာကျော်ရေ”

မအေးသန္တာကျော်။ ။ ဟုတ်ကဲ့ပါ အန်တီ။ အဲဒီတော့- ခရီးစဉ်အစီအစဉ်လေးတွေကို နည်းနည်း ပြောပြပေးပါအုံး။

ဒေါ်ခင်စိုးဝင်း။ ။ “ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး ILO ရုံးကိုသွားမယ်။ ILO ရုံးကနေပြီး တော့မှ ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ မိန့်ခွန်းပြောမယ်။ ပြောပြီးလို့ရှိရင် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။ သတင်းစာရှင်းလင်းပွဲလုပ်ပြီးလို့ရှိရင် ILO ရုံးကို ပြန်သွားပြီးတော့ ILO ရုံးမှာ reception သဘောမျိုး ကျင်းပဖို့ရှိပါတယ်။ အဲဒီကနေ ပြီးလို့ရှိရင် ဆွစ်ဇာလန်နိုင်ငံရဲ့ ပါလီမန်ရဲ့ ဖိတ်ကြားချက်အရ ဆွစ်ဇာလန်နိုင်ငံရဲ့မြို့တော် ဘန်း( Bern) မြို့ကိုသွားပါမယ်။ ဘန်းမြို့ကနေပြီးမှ ပါလီမန်လွှတ်တော် အမတ်တွေနဲ့တွေ့ပြီး စကားပြောဆိုပြီးတဲ့အခါကျလို့ရှိရင် ဇူးရစ်မြို့ကို သွားပါမယ်။ ဇူးရစ်မြို့ ကနေမှ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ကို ခရီးဆက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်သွားမယ့် ဒီခရီးစဉ်တလျှောက်၊ ဥရောပခရီးစဉ်တလျှောက်ကို ကျမနဲ့အတူ ကျမတို့ ဗွီအိုအေ မြန်မာပိုင်းအတွက် ဗွီဒီယို ရိုက်ကူးရေးတာဝန်ခံဖြစ်တဲ့ ကြေးမုံလည်း ကျမနဲ့အတူ လိုက်ပါပြီးတော့ သတင်းတွေ ရိုက်ယူနေတာ ဖြစ်ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG