သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-အမေရိကန် ဆက်ဆံရေးခိုင်မာ


အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အရင်ကနဲ့မတူ ပိုပြီးခိုင်မာလာပြီလို့ အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီး S.M. Krishna နဲ့ ဆွေးနွေးပွဲကျင်းပဖို့ ပြင်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောပါတယ်။

အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာ (Leon Panetta) သွားရောက်ခဲ့ပြီးနောက်မှာ ၂ နိုင်ငံကြား အဆင့်မြင့် ခေါင်းဆောင်တွေရဲ့ နောက်ဆုံးဆွေးနွေးပွဲကို ဒီကနေ့ ၀ါရှင်တန်မှာ ကျင်းပမှာဖြစ်ပါတယ်။

မကြာသေးခင်ရက်တွေအတွင်းမှာပဲ အိုဘားမား အစိုးရအဖွဲ့က အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ပင်ဖို့ တားဆီးတဲ့ ထဲမှာ အိန္ဒိယနိုင်ငံအတွက် ပိတ်ဆို့မှုတွေ ကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးကလင်တန်ကလည်း အမေရိကန်နဲ့အိန္ဒိယ ၂ နိုင်ငံဟာ စံတန်ဖိုးထားမှုမှာရော စီးပွားရေးစံနစ်နဲ့ သံတမန်ဦးတည်ချက်တွေမှာပါ တူညီကြတယ်လို့ မနေ့က ပြောပါတယ်။

အရင်ကနဲ့မတူ ပွင့်လင်းမှုရှိလာတာနဲ့အတူ မျှတတဲ့ ကမ္ဘာ့စီးပွားရေး စံနစ်တွေအတွက် လွတ်လပ်စွာ လုပ်ဆောင်ပြီး တောင်အာရှနဲ့ အာရှ ပစိဖိတ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ပိုလုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။ ၀န်ကြီးကလင်တန်က အခုလိုပြောနေပေမယ့် အိန္ဒိယ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေလုပ်ရတာဟာ ခက်ခဲနေတုန်းပဲလို့ အမေရိကန်ကုမ္ပဏီ တွေက ပြောပါတယ်။

XS
SM
MD
LG