အတိုက်အခံတွေသိမ်းပိုက်ထားတဲ့ ဆီးရီးယားနိုင်ငံအနောက်ပိုင်းက Al Haffeh မြို့ကို အစိုးရတပ်တွေ က ပြန်သိမ်းယူလိုက်တယ်လို့ ဆီးရီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားတွေမှာ သတင်း ထုတ်ပြန်နေပါတယ်။ ကုလသမဂ္ဂနဲ့ရုရှားင်ငံကြား သံတမန်ရေး အပြန်အလှန် ခေါက်တုန့်ခေါက်ပြန် ညှိနှိုင်းမှုတွေကြားထဲက ဆီးရီးယားနိုင်ငံထဲမှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
လက်နတ်ကိုင် အကြမ်းဖက်အုပ်စုတွေကို ရှင်းလင်းလိုက်နိုင်ပြီလို့ ဆီးရီးယားအစိုးရက ဆီးရီးယား ရုပ်မြင် သံကြားကတဆင့် သတင်းထုတ်ပြန်ပါတယ်။ စစ်ရေးဗျူဟာကျတဲ့ ဆွန်နီမွတ်ဆလင်ရဲ့မြို့ကို ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆဒ်ကိုသစ္စာခံတဲ့ တပ်တွေက ပြန်သိမ်းယူလိုက်ပြီး လုံခြုံရေး ယူထားလိုက်တာဖြစ်ပါတယ်။
တောင်ကုန်းတောင်တန်းထူထပ်တဲ့ Latakia ခရိုင် အနီးအနားကကျေးရွာတွေနဲ့ Al Haffehမြို့မှာ အစိုးရတပ်တွေ နဲ့ အစိုးရဆန့်ကျင်ရေးအတိုက်အခံတပ်တွေက ညလုံးပေါက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ နောက်ပိုင်းမှာ သူပုန်တပ်တွေဘက်က တပ်ပြန်ရုပ်လိုက်တာဖြစ်တယ်လို့ပြောပါတယ်။
ဒီလိုတပ်တွေပြန်ရုပ်ပြီး တပ်ဆုတ်လိုက်တာဟာ တိုက်ပွဲထဲမှာ ဒဏ်ရာရနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ကို ထိခိုက်မှာစိုးတဲ့အတွက်ဖြစ်တယ်လို့ ဆီးရီးယားသူပုန်တွေက ပြောပါတယ်။ အစိုးရကသိမ်းပိုက်လိုက်တဲ့ Al Haffeh မြို့ထဲက ပိတ်မိနေတဲ့သူတွေကို အစိုးရတပ်တွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်မှာ စိုးတယ်လို့လည်း ပြောပါတယ်။